ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုအတွက် အစိုးရထံမှ ကတိပေးသည့်အဖြေ ၆၈ ခုရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစီရင်ခံစာတွင် ဖော် ပြထားချက်အရ သိရသည်။
ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် မေးခွန်းပေါင်း ၁၂၆ ခုမေးခဲ့ပြီး အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်မှာ ၆၈ ခုဖြစ်ပေါ်ခဲ့ကြောင်း၊ အာမခံချက်၊ ကတိနှင့် တာဝန်ခံချက် မဖြစ်ပေါ်ခဲ့သော မေးခွန်းများမှာ ၅၈ ခုရှိခဲ့ကြောင်း သိရှိရသည်။
ဒုတိယ ပုံမှန်အစည်းအဝေး၌ မေးခွန်းပေါင်း ၃၃၇ ခု မေးခဲ့ပြီး ကတိ ၁၈၇ ခုဖြစ်ပေါ်ခဲ့သဖြင့် ကတိ မဖြစ် ၁၅၀ ခုရှိခဲ့ကြောင်း၊ ထို့ကြောင့် တတိယ ပုံမှန်အစည်းအဝေးသည် ဒုတိယပုံမှန်အစည်းအဝေးထက် ကတိဖြစ် ၁၁၉ ခု၊ ကတိမဖြစ် ၉၂ ခု လျော့နည်းခဲ့ကြောင်း သိရှိရသည်။
တတိယ ပုံမှန်အစည်းအဝေး၌ အဆို ၂၇ ခု၊ အတည်ပြု ၁၆ ခု နှင့် အတည်မပြု ၁၁ ခုဖြစ်ကြောင်း သိရှိရသည်။
7:26 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com