22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

ဟော့ခ်ကို ခေါ်ယူရန် အလို ရှိနေသည့် ဘိုအာ့စ်

တော့တင်ဟမ် ဟော့စပါး မန်နေဂျာသစ် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် အသင်းဟောင်း ချယ်လ်ဆီးနှင့် ယှဉ်ပြိုင်ကာ ပေါ်တို တိုက်စစ်မှူး ဟော့ခ်ကို ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သိရသည်။

ဟော့ခ်သည် ပေါ်တိုကို ဘိုအာ့စ် ကိုင်တွယ်စဉ်က အတွဲ ညီခဲ့သည့် တပည့်ဟောင်းလည်း ဖြစ်သည်။ ဟော့ခ်သည် ဘရာဇီးလ် အိုလံပစ် အသင်းနှင့် အတူ အင်္ဂါနေ့ညက လန်ဒန်သို့ ဆိုက်ရောက်လာခဲ့ပြီး သောကြာနေ့တွင် ဂရိတ်ဗြိတိန်နှင့် ခြေစမ်းရာ၌ ပါဝင်ဖွယ် ရှိနေသည်။ ဘိုအာ့စ်သည် အသင်း၏ တိုက်စစ် အင်အားကို မြှင့်တင်ရန် ကြိုးပမ်းနေရာ အသက်(၂၅)နှစ်ရှိ မာကျော ကြံ့ခိုင်သည့် ဟော့ခ်အား အလို ရှိနေခြင်း ဖြစ်သည်။ ချယ်လ်ဆီးသည် နွေရာသီ တစ်လျှောက်လုံး ဟော့ခ်ကို အစဉ်တစိုက် ချိတ်ဆက် နေခဲ့သော်လည်း ပေါ်တိုက ပေါင်စတာလင် (၃၈)သန်း ရရှိမှ ရောင်းထုတ်မည်ဟု တင်းခံ ထားခဲ့သည်။
ဘိုအာ့စ် ပစ်မှတ် ဖြစ်လာသည့် ဟော့ခ်

ဟော့ခ်သည် မည်သည့် အသင်းသို့ ပြောင်းရွှေ့သည်ဖြစ်စေ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)မျှ တောင်းဆိုဖွယ် ရှိနေရာ စပါး အနေဖြင့် ဟော့ခ်အား ခေါ်ယူနိုင်ပါက အီမန်နျူရယ်လ် အဒီဘာယော ကဲ့သို့ လုပ်ခမျိုး ပေးချေရမည် ဖြစ်သည်။ မန်ချက်စတာ စီးတီး အသင်းကလည်း လန်ဒန်ကလပ် နှစ်ခုနှင့် အပြိုင် ဟော့ခ်၏ အရိပ်အခြေကို စောင့်ကြည့်နေသည်။ စပါးသည် ယမန်နှစ် နွေရာသီ ကတည်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦး ဝယ်ယူရေး စီမံကိန်းကို ကြံဆောင်နေခဲ့ပြီး အင်တာနေစီယွန်နယ်လ် တိုက်စစ်မှူး လီယန်ဒရို ဒါမီယိုကိုလည်း ချိတ်ဆက်နေဆဲဟု သိရှိရသည်။
ဘိုအာ့စ်သည် အသင်း၏ တိုက်စစ်အင်အားကို မြှင့်တင်ရန် ကြိုးပမ်းနေရာ အသက်(၂၅)နှစ်ရှိ မာကျောကြံ့ခိုင်သည့် ဟော့ခ်အား အလိုရှိနေခြင်း ဖြစ်..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )