22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

လာမည့်(၄၈)နာရီ အတွင်း ဗန်ပါစီ၏ အနာဂတ်ကို ရှင်းရှင်းလင်း ဆုံးဖြတ်နိုင်ရန် ဝင်းဂါးရည်ရွယ်

ရော်ဘင် ဗန်ပါစီ၏ အနာဂတ်နှင့် ပတ်သက်ပြီး လာမည့် (၄၈)နာရီ အတွင်း တိတိကျကျ ဖြေရှင်းရန် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ရည်ရွယ်ထားကြောင်း သိရှိရသည်။

ပြင်သစ်သား မန်နေဂျာကြီးက အမ်းမရိတ်စ်မှ ထွက်ခွာရန် စီစဉ်နေသော အသင်းခေါင်းဆောင်ကို တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းသွားရန် စီစဉ်ထားသည်။ ကလပ် အသင်းနှင့် နီးစပ်သူများက ဝင်းဂါးနှင့် နယ်သာလန် တိုက်စစ်မှူးတို့သည် စာချုပ်သစ် ကိစ္စအတွက် ယခု သီတင်းပတ် အတွင်း ဆွေးနွေးမှု ပြုလုပ် သွားမည်ဟု အတည်ပြု ပြောဆိုခဲ့သည်။ အာဆင်နယ်သည် စနေနေ့တွင် စတင်မည့် အာရှခြေစမ်း ခရီးစဉ် မတိုင်မီ ဗန်ပါစီ၏ အနာဂတ်ကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းဖြစ်စေရန် အလိုရှိနေသည်။
(၄၈)နာရီ အတွင်း အပြောင်းအရွှေ့အဖြေထွက်မည့် ဗန်ပါစီ

ဗန်ပါစီသည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး နောက်ထပ် စာချုပ်သစ် ချုပ်ဆိုမည် မဟုတ်ဟု ပြောဆိုထားသည်။ သို့သော်လည်း အာဆင်နယ်က အသက်(၂၈)နှစ်ရှိ ဗန်ပါစီအား နောက်ဆုံးတစ်ကြိမ် ညှိနှိုင်းမှု ပြုလုပ်ရန် ရည်ရွယ်ထားပြီး အကယ်၍ အဆင်မပြေပါက ရောင်းထုတ်ရန် အတည်ပြု ဆုံးဖြတ်ဖွယ် ရှိနေသည်။ အာဆင်နယ်သည် ဗန်ပါစီကို အာရှခရီးစဉ်တွင် ခေါ်ယူသွားရန် သင့်မသင့်ကို ဝင်းဂါးနှင့် ဆွေးနွေးမှု ရလဒ်အပေါ် စောင့်ကြည့်မည် ဖြစ်သည်။ လတ်တလောတွင် ဗန်ပါစီကို မန်ချက်စတာစီးတီးနှင့် ဂျူဗင်းတပ်စ် အသင်းတို့က ချိတ်ဆက်လျှက် ရှိနေသည်။

ဗန်ပါစီသည် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များ အတွက် အာဆင်နယ်တွင် အင်္ဂါနေ့က ဒုတိယမြောက် နေ့အဖြစ် လေ့ကျင့်ခန်း လာဆင်းခဲ့သည်။ အခြားသော သတင်းများ အရ အာဆင်နယ်သည် ကိန်းအသင်းမှ အသက်(၁၇)နှစ်အရွယ် လူငယ် ကစားသမားလေး အမ်ဘီယီ နီအန်းကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီး မက္ကစီကို တိုက်စစ်မှူး ကားလို့စ်ဗီလာကိုမူ ရီးယဲလ်ဆိုစီဒက်ထံ အပြီးသတ် ရောင်းထုတ် လိုက်ပြီဟု သိရှိရသည်။
အာဆင်နယ်သည် ဗန်ပါစီကို အာရှခရီးစဉ်တွင် ခေါ်ယူသွားရန် သင့်မသင့်ကို ဝင်းဂါးနှင့် ဆွေးနွေးမှု ရလဒ်အပေါ် စောင့်ကြည့်မည် ဖြစ်.
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )