22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

မြန်မာအသင်း အရှေ့ အလယ်ပိုင်း ဒေသမှ အသင်း တစ်သင်းနှင့် ခြေစမ်းဖွယ်ရှိ

၂၀၁၂ ဆူဇူကီး ဖလား ခြေစစ်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် အသင်းကြီးသည် လာမည့် သြဂုတ်လ ၁၅ရက်နေ့တွင် အရှေ့ အလယ်ပိုင်း ဒေသမှ အသင်း တစ်သင်းသင်းနှင့် ခြေစမ်းပွဲ တစ်ရပ် ယှဉ်ပြိုင် ကစားနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် နိုင်ငံတကာ ခြေစမ်းပွဲများ ကစားရန် သတ်မှတ်ထားသည့် အဆိုပါ ရက်တွင် ဆော်ဒီ အာရေဗျ၊ အိုမန်၊ ဂျော်ဒန်၊ ကာတာ၊ ဥဇဘက် ကစ္စတန် အစရှိသည့် အသင်းများထဲမှ တစ်သင်းသင်းနှင့် ခြေစမ်းနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အသင်းအား လတ်တလော ယူ-၂၂ အသင်းအား အောင်မြင်မှု ရရှိအောင် စွမ်းဆောင် ပေးထားသည့် တောင်ကိုရီးယား နည်းပြ ပတ်ဆောင်ဟွာ ကိုင်တွယ်မည် ဖြစ်ကာ ယူ-၂၂ အသင်း ကစားသမား များနှင့် အတူ ခြေစွမ်းထက် လက်ရွေးစင် ကစားသမား အချို့အား ထပ်မံ အားဖြည့် ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့အတူ မြန်မာ့ လက်ရွေးစင် အသင်းသည် ပြိုင်ပွဲ မတိုင်မီတွင် ပြည်ပနိုင်ငံ တစ်ခုခုသို့ သွားရောက်ကာ စုစည်း လေ့ကျင့်မှုများ ပြုလုပ်ဖွယ် ရှိနေကြောင်းလည်း တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရှိရသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )