22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

သြဂုတ်လမှာ “ဝေခွဲမရပါလား” ဗီစီဒီ ထွက်မယ် ပြောတဲ့ Lဆိုင်းဇီ

 


 Lဆိုင်းဇီက လတ်တလော မှာတော့ ပြည်တွင်းပြည်ပ ဖျော်ဖြေ ပွဲတွေ သွားဖြစ်နေ တယ်လို့ သိရ ပါတယ်။ ရှိုးပွဲတွေ မှာတော့ သူ့ရဲ့ ပေါက်သီချင်းတွေ အတောင်းများ သလို၊ သူ့ရဲ့ တစ်ကိုယ်တော်ခွေ “ဝေခွဲမရပါလား” ခွေထဲက သီချင်းတွေ ကိုလည်း တောင်းကြ တယ်လို့ ပြောပြ ပါတယ်။
Lဆိုင်းဇီရဲ့ ဝေခွဲမရပါလား ခွေက ထွက်တာနည်းနည်းကြာပြီ ဖြစ်ပြီး အခုအခါမှာတော့ ဗီစီဒီထွက်ဖို့ အားလုံးအဆင်သင့် ဖြစ်နေပြီလို့ Lဆိုင်းဇီက ပြောတာကြောင့် မေးကြည့်တော့ “ဆိုင်းဇီ ၇ လပိုင်းထဲလောက် ထွက်ဖို့လုပ်ထားတာ။ ဒါပေမယ့် အလုပ်တွေ ရှုပ်နေတာကြောင့် သြဂုတ်လထဲ မှာထွက်ပါမယ်” လို့ ပြောပါတယ်။ အဲဒီ ဗီစီဒီအခွေမှာတော့ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတွေလည်း ပါဝင်တယ်လို့ Lဆိုင်းဇီက ပြောပါတယ်။ Lဆိုင်းဇီက ဗီဒီယို ဇာတ်ကားတွေ ရိုက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဗီဒီယိုတွေရိုက်တာ မတွေ့ရတော့လို့ မေးကြည့်တော့ “ဆိုင်းဇီနဲ့ လိုက်ဖက်မယ့် ပုံစံမျိုး ဆိုရင်တော့ ရိုက်ပါတယ်။ ဒါပေမယ့် မလိုက်ဖက်တာတွေ ဇွတ်မရိုက်ချင်ပါဘူး။ မရိုက်တော့တာလည်း မဟုတ်ပါဘူး” လို့ ပြောပြခဲ့ပါတယ်။
Lဆိုင်းဇီက အဆိုင်ပြိုင်ပွဲတွေမှာလည်း ဒိုင်အဖြစ် လုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဆိုတော်တစ်ယောက် အနေနဲ့ အဆိုပြိုင်ပွဲမှာ ဒိုင်လုပ်ရတာ အခက်အခဲရှိလား မေးတော့ “ဆိုင်းဇီ အနေနဲ့တော့ အခက်အခဲ မရှိပါဘူး။ ဒါပေမယ့် ပြိုင်ပွဲဝင်တဲ့သူတွေက ပြိုင်မယ့်သီချင်းကို သေချာပြင်ဆင်ပြီး ပြိုင်သင့်တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ Lဆိုင်းဇီက သူ့ရဲ့ “ဝေခွဲမရပါလား” ဗီစီဒီထွက်လာရင်လည်း ပရိသတ်တွေ အားပေးပါဦးလို့ ပြောကြားခဲ့ပါကြောင်း။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )