22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 28, 2012

ဆယ်ကျော်သက်အိပ်မက် ဆွိဝတ်ရည်သောင်း


 

လူတိုင်း လူတိုင်းမှာ ဆယ်ကျော်သက် ဘဝက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊  တချို့လည်း စိတ်ကူးနဲ့ထပ်တူမကျတဲ့ လက်တွေ့ဘဝကို ရောက်နေကြရတာ တွေရှိပါတယ်။ ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာ ဘယ်လိုဆိုပြီး ပရိသတ်စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော်သက်ဘဝက စိတ်ကူးတွေ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
ဆယ်ကျော်သက် အရွယ်က စိတ်ကူးယဉ်အိပ်မက်...  
ဆယ်ကျော်သက်အရွယ်က ဖြစ်ချင်တာက ဆရာဝန်၊ နောက်တစ်ခုက ဆရာမပေါ့။
အနုပညာ အလုပ်က ဘယ်လိုလုပ်ဖြစ်ခဲ့တာလဲ..
အနုပညာအလုပ်က ဆယ့်ငါးနှစ်လောက်ကမှစပြီး ဝါသနာပါခဲ့တာပါ။ ဒါပေမဲ့ သီချင်းဆိုတာက ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ။ အဆိုတော်ကြီး ဖြစ်ရမယ်လို့တော့ မဟုတ်ခဲ့ပေမယ့် ဆယ့်ငါးနှစ်လောက်မှ သရုပ်ဆောင်၊ အဆိုတော် ဖြစ်ချင်ခဲ့တာပါ။
ဒါဆိုဖြစ်ချင်တာတွေ စွန့်လွှတ်ခဲ့ရတာလား..
ဆရာဝန်ဖြစ်ချင်ခဲ့ပေမယ့် စာဘက်မှာ အာရုံမရောက်ဘူး။ စာသာ တကယ်ကြိုးစားခဲ့ရင် ဆရာဝန်ဖြစ်ခဲ့မှာပဲလေ။ ဒါပေမဲ့ အနုပညာဘက်ကို ပိုစိတ်ဝင်စားခဲ့တာပေါ့။ အဲဒါကြောင့် ဆရာဝန်အလုပ်၊ ဆရာမအလုပ်တွေကို မလုပ်ဖြစ်ခဲ့တာပါ။
ဆယ်ကျော်သက် အရွယ်မှာ မိဘထိန်းချုပ်တာ ခံခဲ့ရတာရှိလား..
အဲဒီမျိုးတော့ မရှိခဲ့ပါဘူး။ အမေတို့က ကိုယ်ဝါသနာပါတာကိုပဲ ဖြစ်စေချင်ခဲ့တယ်။ မိဘ ထိန်းချုပ်ခံခဲ့ရတာတော့ မရှိဘူး။
မိဘ ထိန်းချုပ်ခံရတဲ့ ဆယ်ကျော်သက်တွေကို ဘယ်လို အကြံပေးချင်လဲ..
မိဘတိုင်းက သားသမီးတွေကို ချစ်လို့ ထိန်းချုပ်တာပါ။ တချို့တွေဆို ထိန်းချုပ်လို့ မနိုင်ဘူးလို့ မိဘတွေက ပြောပေမယ့် သားသမီးတွေကို အရမ်း မထိန်းချုပ်သင့်ဘူးလေ။ စိတ်ကျဉ်းကျပ်ရင် ထွက်ပေါက်ရှာတတ်ကြတယ်။ မိဘတွေရဲ့ စကားကို နားထောင်ပြီး မိဘစိတ်ချမ်းသာအောင် နေပါလို့၊ မိဘတွေကို နားလည်ပြီး ဆင်ခြင်ပေးသင့်တယ်လို့ ထင်ပါတယ်။
ဖြစ်ချင်တဲ့ စိတ်ကူးတွေကို ဖြစ်အောင်လုပ်ဖို့ အကြံပေးစကားက..
မဖြစ်နိုင်တာတော့ ဘာမှမရှိဘူး။ ကိုယ်တကယ်ဝါသနာပါတယ်၊ တကယ်ရူးသွပ်တယ်ဆိုရင် ဖြစ်အောင်ကြိုးစားပါလို့၊ အဓိကကတော့ ဇွဲရှိဖို့နဲ့ အလုပ်ကို တကယ် ဝါသနာ ပါဖို့ ရူးသွပ်ဖို့ လိုပါတယ်။ ရိုးရိုးသားသားနဲ့ ကြိုးစားရင် အောင်မြင်မှု ရနိုင်ပါတယ်လို့...။
မိဘတွေကို အရမ်းမထိန်းချုပ်ဖို့ အကြံပေးစကားက..
မိဘတွေက သားသမီးတွေမှာလည်း သူတို့မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေရှိတာကို နားလည်ပေးသင့်တယ်။သားသမီးတွေကလည်း မိဘတွေက ချစ်လို့ ပြောတယ်ဆိုတာကို နားလည်ပေးရမယ်။ အတတ်နိုင်ဆုံး အရမ်းမထိန်းချုပ်ဘဲ သားသမီးနဲ့ မိဘမျှပြီး တိုင်ပင်ပြီး လုပ်သင့်တယ်လို့ ထင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )