22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 1, 2012

မန်စီးတီးနှင့် (၆)နှစ်အတွင်း (၆)ကြိမ် ချန်ပီယံ ဆုယူနိုင်ရန် ကွမ်ပနီ မျှော်လင့်

မန်ချက်စတာ စီးတီး အသင်းနှင့် (၆)နှစ် စာချုပ်သစ် ချုပ်ဆို လိုက်ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၆)ကြိမ်ရယူရန် ဆန္ဒရှိနေကြောင်း ဗင်းဆင့် ကွမ်ပနီက ပြောကြားလိုက်သည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် နောက်ခံလူသည် ၎င်းကိုယ်တိုင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သော မန်စီးတီးကို ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ရန် အကောင်းဆုံး ဦးဆောင်မှု ပေးနိုင်ခဲ့သည်။ မန်စီးတီးသည် အသက်(၂၆)နှစ်အရွယ် ကစားသမားကို ကာလရှည်ကြာ ထိန်းသိမ်းထားရန် ရည်ရွယ်ပြီး (၆)နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ ၎င်းစာချုပ်ကိစ္စနှင့် ပတ်သက်ပြီး သတင်းထောက်များနှင့် မေးမြန်းခဲ့ရာ ကွမ်ပနီက "ကျွန်တော် မန်စီးတီးမှာ (၆)နှစ် စာချုပ် ရှိသွားပါပြီ။ ဒီတော့ (၆)ခါ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ခွင့် ရှိပါတယ်။ လက်တွေ့ ကျမကျ ဘယ်သူက ပြောနိုင်မှာလဲ။ ကျွန်တော်ကတော့ ရသမျှ ချန်ပီယံဆု အားလုံးကို လိုချင်ပါတယ်"ဟု ပြောကြားခဲ့သည်။


၎င်းက ဆက်လက်၍ ၎င်းတို့အသင်းသည် လာမည့်ရာသီတွင် ဆက်လက် တောင့်တင်းနေဦးမည်ဟုလည်း မှတ်ချက်ပြုသွားသည်။ "ပြီးခဲ့တဲ့ ရာသီက ကျန်တဲ့အသင်းတွေ ကျွန်တော်တို့ အသင်းအပေါ် ဘယ်လို တုံ့ပြန်ခဲ့တယ် ဆိုတာ အားလုံး အမြင်ပါ။ ပြိုင်ဘက်တွေက လာမယ့်ရာသီမှာ ပိုအားကောင်းလာမှာ ဖြစ်သလို ကျွန်တော်တို့ကလည်း ရှေ့ဆက် တောင့်တင်းနေမယ်လို့ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ တစ်လျှောက်လုံး အတူတွဲ ကစားဖူးတဲ့ အတွက် အသင်းက ကစားသမား တော်တော်များများဟာ ပိုပြီးတော့ နားလည်မှု ရှိရှိနဲ့ အချိတ်အဆက် မိလာတာကလည်း အင်အား တစ်ရပ်ပါပဲ" ဟု ကွမ်ပနီက ပြောဆိုသွားခဲ့သည်။
ကျွန်တော် မန်စီးတီးမှာ (၆)နှစ် စာချုပ် ရှိသွားပါပြီ။ ဒီတော့ (၆)ခါ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ခွင့် ရှိပါတယ်။ လက်တွေ့ ကျမကျ ဘယ်သူက ပြောနိုင်မှာလဲ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )