22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 1, 2012

မန်ယူကို ဂျာစီကြော်ငြာ စာချုပ် ချုပ်ဆိုလိုက်သည့် GM မော်တော်ကား ကုမ္ပဏီ


GM မော်တော်ယာဉ် ကုမ္ပဏီက ၎င်းတို့သည် မန်ချက်စတာ ယူနိုက်တက် အသင်းကို ဂျာစီကြော်ငြာအတွက် စပွန်ဆာပေးသွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။

GM၏ Chevrolet အမှတ်တံဆိပ်ကို မန်ယူ အသင်း၏ ဂျာစီတွင် ကြော်ငြာပေးရမည်ဖြစ်ပြီး ယင်းအတွက် စပွန်ဆာကြေးကို GMက အင်္ဂလန် ထိပ်သီးကလပ်ထံ တစ်နှစ်လျှင် ဒေါ်လာ သန်း(၆၀)နှင့် (၇၀)ကြား ပေးချေသွားမည် ဖြစ်သည်။ ထို့အပြင် သဘောတူ စာချုပ် စတင်အကျုံးဝင်ချိန်တွင် လက်မှတ်ရေးထိုးကြေး အမေရိကန်ဒေါ်လာ သန်း(၁၀၀)ကိုပါ ပေးချေမည်ဖြစ်ရာ စပွန်ဆာ စာချုပ်တစ်ခုလုံး၏ စုစုပေါင်း တန်ဖိုးသည် ဒေါ်လာ သန်း(၆၀၀)ထိ ရှိကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မန်ယူအား လက်ရှိ ဂျာစီစပွန်ဆာ စာချုပ် ချုပ်ဆို ထားသည်မှာ AONမှဖြစ်ပြီး စာချုပ်တန်ကြေးသည် တစ်နှစ်လျှင် ဒေါ်လာ (၃၁)သန်း ဖြစ်သည်။ ထို့ကြောင့် (၂၀၁၃-၁၄) ဘောလုံးရာသီတွင် စတင် အကျုံးဝင်မည့် GM၏ စာချုပ်သစ်သည် လက်ရှိ စာချုပ်ထက် တန်ကြေး (၂)ဆမျှ မြင့်မားနေသည်။ အမေရိကန်နိုင်ငံ၊ ဒက်ထရွိုက်မြို့တွင် အခြေစိုက်သော ကုမ္ပဏီသည် ကမ္ဘာလုံး ဆိုင်ရာ ဈေးကွက် ဖြန့်ကျက်ရေးဌာန အကြီးအကဲ ဂျိုးလ်အီဝန်ကစ်ခ်ကို ရာထူးမှ ထုတ်ပယ်ပြီးနောက် မန်ယူနှင့် စာချုပ်ခဲ့ခြင်း ဖြစ်သည်။

အီဝန်ကစ်ခ်သည် ကုမ္ပဏီက မျှော်လင့်ထားသည့် အခြေအနေမျိုး ရောက်ရှိအောင် ဈေးကွက်ဝေစုကို မမြှင့်တင်နိုင်ကြောင်း GMက စွပ်စွဲခဲ့ပြီး ကမ္ဘာကျော် ကလပ်အသင်း တစ်ခုဖြစ်သည့် မန်ယူကို စပွန်ဆာပေးကာ ကုမ္ပဏီ၏ အမည်ကို လူသိများအောင် ရည်ရွယ်လာခြင်း ဖြစ်သည်။ GMသည် ယမန်နှစ်က ကြော်ငြာကဏ္ဍအတွက် ဒေါ်လာ (၄.၅)ဘီလျံကျော်မျှ သုံးစွဲခဲ့သည်။ မန်ယူအသင်းသည် ကမ္ဘာပေါ်တွင် ပရိသတ် (၆၅၉)သန်းကျော် ရှိနေရာ ၎င်းတို့နှင့် လက်တွဲခြင်းဖြင့် ကုမ္ပဏီ၏ ရပ်တည်မှုကို ထင်ရှားအောင် ဆောင်ရွက်နိုင်မည်ဟု GMက ယုံကြည်နေသည်။ GMသည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း မန်ယူ၏ ပြိုင်ဘက် လီဗာပူးလ်နှင့် (၄)နှစ်ကြာ လုပ်ငန်း ပူးပေါင်းမည့် စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ကြေညာထားသေးသည်။
သဘောတူ စာချုပ် စတင်အကျုံးဝင်ချိန်တွင် လက်မှတ်ရေးထိုးကြေး အမေရိကန်ဒေါ်လာ သန်း(၁၀၀)ကိုပါ ပေးချေမည်ဖြစ်ရာ စပွန်ဆာ စာချုပ်တစ်ခုလုံး၏ စုစုပေါင်း တန်ဖိုးသည် ဒေါ်လာ သန်း(၆၀၀)ထိ ရှိ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )