22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 14, 2012

ကမ္ဘာ့မူဆလင် ထိပ်သီးအစည်းအဝေးက မြန်မာအစိုးရကို ပန်ကြား

ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် မူဆလင်နိုင်ငံ ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အထူးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအရေးအား အာရုံပြု ထည့်သွင်းဆွေးနွေးကြသည်။

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားပေါင်းစုံနှင့် ဘာသာပေါင်းစုံ အကြုံးဝင်သည့် ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည် ထူထောင်ရေး ပေါ်လစီတရပ် ချမှတ်လုပ်ဆောင်ရန် မေတ္တာရပ်ခံကြောင်း ထိုအစည်းအဝေးကြီး၏ မြန်မာပြည်အရေး ဆုံးဖြတ်ချက်မူကြမ်းတွင် ပါရှိသည်။

အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ကြသည့် OIC အထူး အစည်းအတွက် အဓိက ခေါင်းစဉ်များ အဖြစ် ဆီးရီးယား၊ မြန်မာ၊ မာလီ၊ ပါလက်စတိုင်းနှင့် ဂျေရူဆလင် အရေးကိစ္စများ ဆွေးနွေးကြသည်။

OIC ခေါင်းဆောင်များ ပြင်ဆင်ရေးဆွဲထားသည့် နောက်ဆုံး ကြေညာချက်နှင့် ဆုံးဖြတ်ချက် မူကြမ်း လေးခုကို မက္ကာမြို့၌ အင်္ဂါနေ့ညနေတွင် ကျင်းပမည့် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။

OIC ကိုယ်စားလှယ်အဖြစ် ရခိုင်ဒေသသို့ ကိုယ်တိုင်သွားရောက် လေ့လာကာ အကူအညီများ ပေးအပ်ခဲ့သည့် တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu ကလည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက
မြန်မာနိုင်ငံအတွင်း ဆွေးနွေးခဲ့မှုများနှင့် အကူအညီပေးခဲ့သည်များကို OIC အဖွဲ့ဝင်များထံသို့ သတင်းပေးပို့ခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနား ကလည်း ၎င်း၏ ခြောက်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ကာ ပဋိပက္ခများ အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံသားဖြစ်မှု ဥပဒေအားလည်း
ပြန်လည်သုံးသပ်ရန် မြန်မာအစိုးရအား တိုက်တွန်းပြောဆိုသွားခဲ့သည်။

တနင်္လာနေ့က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် “မြန်မာ နိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲ
ပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်-၄)အား ပယ်ဖျက်သင့်
ကြောင်း” အဆိုကို စစ်ကိုင်းတိုင်း မဲဆန္ဒနယ် အမှတ် ၇ မှ ဦးတင်မြ က တင်သွင်းရာ အခြား ကိုယ်စားလှယ် တဦးက
ထောက်ခံပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

မဇ္ဈိမသတင်းဌာန
နယူးဒေလီ (မဇ္ဈိမ)

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )