22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 14, 2012

အခြေခံ ဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တစ်ပတ်အတွင်း နှုတ်ထွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များ တောင်းဆို


နေပြည်တော်၊ သြဂုတ် ၁၄

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၆ ရက်မြောက်နေ့တွင် အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ နှုတ်ထွက်စေရန် နိုင်ငံတော် သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ အကြောင်းကြား သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။

အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် ( ၂ ) ပါ ပါ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် ( င ) အရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက် နိုင်ခြင်းတို့ကြောင့် စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် သြဂုတ်လ ၈ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးရာကျော်က လွှတ်တော် အခွင့်ရေး ကော်မတီမှ တင်ပြခဲ့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ကာယကံရှင်များနှင့် စပ်ဆက်သော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ မထိခိုက်စေရေး အတွက် စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစား အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နှုတ်ထွက်စေရန် နိုင်ငံတော် သမ္မတထံသို့ အကြောင်းကြားသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များအား အသိပေးခဲ့သည်။

လွှတ်တော် အသီးသီးက ဖွဲ့စည်းသော ရေးရာကော်မတီ နှင့် ကော်မရှင်များသည် ပြည်ထောင်စု အဆင့် မဟုတ်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းသည် လုပ်ပိုင်ခွင့် မရှိဘဲ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေ၊ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် အတိအလင်း ပြဌာန်းထားသည့် ပြဌာန်းချက်များအပေါ် ဖောက်ဖျက် ကျူးလွန်ခြင်းသာ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော်ရေးရာ ကော်မတီများအား ပြည်ထောင်စု အဆင့် မဟုတ်ဟု သတ်မှတ်ထားခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ မေးမြန်းခြင်း၊ အဆို တင်သွင်းခြင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက လာရောက် ဆွေးနွေးဖြေကြားရာတွင် ပြည်ထောင်စု အဆင့် ဝန်ကြီးများ လာရောက်မှာ အလွန်နဲပါးသွားပြီး ဒုတိယ ဝန်ကြီးများသာ လာရောက်တော့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအား စွပ်စွဲ ပြစ်တင်ရန်အတွက် ယခင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေးမှာပင် ဆောင်ရွက်ခဲ့သော်လည်း လွှတ်တော် အစည်းအဝေး ရပ်နားခဲ့ခြင်းကြောင့် မပြီးပြတ်ခဲ့ကြောင်း၊ အခြေခံဥပဒေ ခုံရုံးအား စွပ်စွဲ ပြစ်တင်ရန် လက်မှတ်ရေးထိုးသူများတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အများအပြားပါဝင်ကြောင်း ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီဝင် တစ်ဦးက ပြောကြားသည်။

The Voice Weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )