22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 15, 2012

ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

ဒီမနက် လွှတ်တော်မှာ စစ်တပ်က သူ့ကို အဆိုတင်
သွင်းခဲ့ပြီး ပြည်ထောင်စုနာယကက သူ့ကို 

 ဒုသမ္မတအဖြစ် ကြေညာတယ်၊ ဗိုလ်ချုပ်ကြီး 
ဉာဏ်ထွန်းက ကျမ်းသစ္စာ ကျိန်ဆိုတယ် လို့ 

ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များက 


အွန်လိုင်းမှာ အခုလေးတင် ရေးသားထားကြတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့လဆန်းပိုင်းမှာ စစ်တပ်ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဒု ဗိုလ်ချုပ်ကြီးဟောင်း) ကို လွှတ်တော်မှာ အဆိုပြုခဲ့ပါတယ်။ သို့သော်လည်း ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်ကြီးတို့အချိန်ယူရေးဆွဲထားတဲ့ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တခုနဲ့ ငြိစွန်းနေတဲ့အတွက် အခုလို ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ထပ်မံ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
သီဟသူရ ဦးတင်အောင်မြင့်ဦး နဲ့ ဒေါက်တာစိုင်းမောက်ခမ်း ဆိုပြီး
ဒုသမ္မတ ၂ ယောက် ရှိခဲ့ပါတယ်။
သူတို့၂ယောက်စလုံး
ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူပါ။

သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ မကြာသေးခင်ကပဲ
ကျန်းမာရေးအခြေအနေအရ နုတ်ထွက်သွားတဲ့အတွက် လစ်လပ်သွားတဲ့ ဒုသမ္မတ တနေရာအတွက် စစ်တပ်ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို ရွေးချယ်နေတဲ့ ကာလမှာ ဒုသမ္မတလောင်းအဖြစ် ထင်ကြေးပေးခံရသူများကတော့
ဦးမြင့်ဆွေ
သူရဦးရွှေမန်း
ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း၊
ဒုဗိုလ်ချုပ်ကြီး ကိုကို၊
ဒုဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၊
ဦးဌေးဦး၊ဦးတင်အေး စသူတို့ ဖြစ်ပါတယ်။

(ဧရာဝတီ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )