22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 15, 2012

ယခု ရာသီတွင်လည်း မန်စီးတီးပင် ဗိုလ်စွဲမည်ဟု အဂူရို ပြောကြား

ယခုနှစ် ဘောလုံး ရာသီတွင်လည်း မန်ချက်စတာ စီးတီး အနေဖြင့် ချန်ပီယံ ဆုကို ကာကွယ် နိုင်လိမ့်မည်ဟု ယူဆကြောင်း ဆာဂျီယို အဂူရိုက ပြောကြားလိုက်သည်။


အာဂျင်တီးနား လက်ရွေးစင် အဂူရိုသည် မိနစ်ပိုင်းမျှ ကာလအတွင်း မန်စီးတီးအတွက် ချန်ပီယံဆု သေချာစေမည့် အဖိုးတန်ဂိုးကို ပြီးခဲ့သည့်ရာသီ နောက်ဆုံးပွဲစဉ်တွင် QPRဘက်သို့ သွင်းယူပေးခဲ့သည်။ ပြီးခဲ့သည့်ရာသီက မန်ချက်စတာ ယူနိုက်တက်အတွက် (၃၅)ဂိုး သွင်းယူပေးခဲ့သည့် ဝိန်းရွန်နီက မန်စီးတီးသည် နောက်တစ်ကြိမ် ချန်ပီယံဖြစ်ရန် အခွင့်အရေး မရှိတော့ဟု သတိပေး ပြောဆိုခဲ့သော်လည်း မန်စီးတီးအတွက် တစ်ရာသီအတွင်း ဂိုး(၃၀) ရခဲ့သည့် ရှေ့တန်းလူကလည်း မန်စီးတီးသာ ချန်ပီယံ ဖြစ်လိမ့်မည်ဟု ခွန်းတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ မန်စီးတီးသည် ရာသီအစ ကွန်မြူနတီဒိုင်း ပြိုင်ပွဲတွင် ချယ်လ်ဆီးအား အနိုင်ရရှိထားသည်။
ချန်ပီယံဆုကို ကာကွယ်နိုင်မည်ဟု ယုံကြည့်သည့် အဂူရို

အဂူရိုက "ကျွန်တော်တို့ဟာ ရာသီသစ်ကို ပုံစံကောင်းနဲ့ ကြိုဆိုနိုင်ခဲ့ပါပြီ။ စထွက်လာတဲ့ ခြေလှမ်းက တခြားသူတွေထက် သာနေတာ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ဒီအဆင့်မှာ ဆက်ရှိနေပါစေလို့ ကျွန်တော် ဘုရားသခင်ဆီမှာ ဆန္ဒပြု ဆုတောင်းပါတယ်။ ကျွန်တော်တို့ဟာ သိပ်ကို ပြည့်စုံတဲ့ အသင်းတစ်သင်းကို ပိုင်ဆိုင်ထားပြီး တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီကလိုပဲ အစပိုင်းကတည်းက အကောင်းဆုံး ပုံစံနဲ့ ဖြတ်သန်းနိုင်ရင် ကျွန်တော်တို့ ပိုပြီး အခြေအနေ ကောင်းမှာပါ။ ချန်ပီယံဆုကို ကာကွယ်ဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ ဖြစ်အောင် လုပ်နိုင်မယ့် အသင်း တစ်ခုကို ကျွန်တော်တို့ ပိုင်ဆိုင် ထားပါတယ်" ဟု ပြောကြားသွားခဲ့သည်။
ကျွန်တော်တို့ဟာ ရာသီသစ်ကို ပုံစံကောင်းနဲ့ ကြိုဆိုနိုင်ခဲ့ပါပြီ။ စထွက်လာတဲ့ ခြေလှမ်းက တခြားသူတွေထက် သာနေတာ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ဒီအဆင့်မှာ ဆက်ရှိနေပါစေလို့ ကျွန်တော် ဘုရားသခင်ဆီမှာ ဆန္ဒပြု ဆုတောင်းပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )