မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ ကျူးကျော်နေထိုင်သူများထံ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်စစ်ဆေးစဉ် အပြန်အလှန် ထိခိုက်စေမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၁ ရက် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်ခန့်
ရှိသော ရဲတပ်ဖွဲ့ဝင်များသည် ကျူးကျော်နေထိုင်သူများ၏ ၀င်းအတွင်းသို့ ၀င်ရောက်ပြီး ကျူးကျော်များ၏ခေါင်းဆောင်ကို ခေါ်ဆောင်စစ်ဆေးရန် ပြုလုပ်သည်ကို ကျူးကျော်နေထိုင်သူများက တားဆီးကာကွယ်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ခေါင်းဆောင်ကို စစ်ဆေးဖို့ ခေါ်သွားမလို့ လုပ်နေတာ။ ကျွန်တော်တို့က ဒီမှာစစ်ဆေးဖို့

ပြောတော့ ဇွတ်ခေါ်မယ်လုပ်တာနဲ့ တားကြတာပါ။ တားတဲ့သူတွေကို ရဲတွေက ရိုက်လို့ ပြန်ချတာ"ဟု ကျူးကျော်နေထိုင်သူတစ်ဦးက ဆိုသည်။
ဝမ်းဗိုက်၊ ခေါင်းနှင့် နားရွက်တို့ ထိခိုက်မှုရှိခဲ့ကြောင်း တွေ့ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ နောက်ထပ်ရှိသေး
သည်ဟု သိရသည်။ ထိခိုက်မိသည့် ကျူးကျော်သူ နေထိုင်သူအချို့ကို ချမ်းမြသုခလူမှုရေးအသင်းက
ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ နံနက် ၉ နာရီခွဲဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင်များက ကျူးကျော်ဝင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ပြီး တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိပေ။
ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းသို့ သွားရောက်မေးမြန်းရာ ယင်းကိစ္စနှင့်ပတ်သက်ပြီး လတ်တလော မဖြေကြားနိုင်ကြောင်း၊ အစည်းအဝေးလုပ်နေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခိုင်းသည်ဟု ရဲဝန်ထမ်းတစ်ဦးက သတင်းသမားများအား ပြောကြားသည်။
7day news
7day news
1:57 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com