22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 21, 2012

ဆရာမနှစ်ဦး ကျောင်းပြောင်းရွှေ့မှု ရန်ကုန် TTC ကျောင်းသားများ ဆန္ဒပြ

ရန်ကုန်မြို့ ပြည်လမ်းရှိ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း အထက်တန်းပြ ဆရာမ နှစ်ဦးဖြစ်သူ ဒေါ်မာလာကြိုင်နှင့် ဒေါ်အေးအေးသိန်းတို့ ကျောင်းပြောင်း ရွေ့ခံရခြင်းနှင့် ပါတ်သက်၍ အဆိုပါ ကျောင်းမှ ကျောင်းသားများက မကျေနပ်သဖြင့် ယခုလ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြကြောင်း ၂၀၁၂ ခုနှစ်နှင့် ၂၀၁၀ တွင် တက္ကသိုလ် ၀င်တန်း အောင်မြင်ခဲ့သူ မကာရံချိုနှင့် မောင်ကောင်းဇော်ခန့် တို့ထံမှ သိရသည်။


၎င်း ဆရာမ နှစ်ဦးကို အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ၏ သြဂုတ်လ ၁၃ ရက်နေ့ရက်စွဲ ဖြင့် ကျောင်းပြောင်းမိန့် ထွက်လာပြီး နောက်ပိုင်း လက်ရှိ ပညာ သင်ကြားနေသော ကျောင်းသားများက ယင်းသို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းတို့က ပြောကြားသည်။
 
 ရန်ကုန် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းတွင် လက်ရှိ ပညာ သင်ကြားနေသူ ကျောင်းသား ကျောင်းသူပေါင်း ၈၂၀၃ ဦးရှိပြီး၊ ယင်းတို့ထဲမှ အထက်တန်းတွင် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၁၄၄၅ ဦးက ခန်းလုံးကျွတ် အတန်းမတက်ခြင်း၊ ကျောင်းတံဆိပ် ပြောင်းပြန်တတ်ခြင်းများကို လုပ်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ ထံက စုံစမ်း သိရသည်။


ဒီဆရာမ နှစ်ယောက်က ကျောင်းအတွက် တစ်ကယ် လိုအပ်ပြီး တစ်ကယ် စေတနာထားပြီး ဆောင်ရွက်တဲ့ အတွက် မပြောင်းစေချင်ပါဘူး။ ဒီမှာပဲ ဆက်ပြီး ရှိနေစေချင်ပါတယ်။ကျောင်းပြောင်း ခံရတဲ့အတွက်လည်း ကျောင်းသား အများစုက တော်တော် စိတ်မကောင်း ဖြစ်နေကြပါတယ်။ 
 
ဒီအတွက်လည်း နိုင်ငံတော် သမ္မတနဲ့ ပညာရေး ၀န်ကြီးဌာနကို အသနားခံစာ တင်သွားမှာပါ။ ဟု ကျောင်းသူဟောင်း ဖြစ်သူ မကာရံချိုက ဆိုသည်။


ရန်ကုန် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး ကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်စန်းထံ The Voice Weekly က သွားရောက် မေးမြန်းရာ ယင်းကိစ္စအတွက် ၎င်းအနေဖြင့် ဖြေကြားလိုခြင်း မရှိကြောင်း ပြန်လည် ဖြေကြားသည်။


ဒီဆရာမ နှစ်ဦး ပြောင်းရွှေ့ ခံရတယ်ဆိုတာ ကျုရှင် သင်လို့လို့ ကြားမိတယ်။ကျုရှင်သင်တိုင်းသာ ရွှေ့ရမယ် ဆိုရင် တစ်ကျောင်းလုံး ရွှေ့မှပဲ ရမယ်.. ဟု ယင်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား မိဘ တစ်ဦးက သူ၏အမြင်ကို ပြောသည်။
 
The voice weekly 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )