22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 18, 2012

လှချင်ရက် စက်စက်ယို


 

အိပ်ရာမဝင်မီ ၁၅ မိနစ် အချိန် ပေးကြည့်ပါ။
ညအိပ်ရာ ဝင်ခါနီး ၁၅ မိနစ် လောက် အချိန်ပေးရုံမျှနှင့် တစ်ညတာလုံး သမားရိုးကျနည်းဖြင့် မျက်နှာအသားအရေ ပြုပြင်ထိန်းသိမ်းမှုပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ သဘာဝနည်းဖြင့် အသားအရေလှပ စိုပြည်စေနိုင်တဲ့ ထိန်းသိမ်းမှုလေးတွေကိုယခုအပတ် ဖော်ပြလိုက်ပါတယ်။ ဆယ်ကျော်သက်တွေမဆိုထားနဲ့အသက် ၄၀ ကျော် လေဒီကြီးတွေတောင် မိတ်ကပ်ကို အားထားရပါတယ်။ ဒါပေမယ့်လည်း အဲဒီမိတ်ကပ်တွေကို ဓာတုပစ္စည်းမပါသဘာဝပစ္စည်းတွေနဲ့သာ ထုတ်လုပ်ထားတာဖြစ်ကြောင်း ဘယ်လိုပဲ ထပ်လောင်းကြော်ငြာ ကြော်ငြာ ပေမယ့် တာရှည်ခံဓာတုပစ္စည်း မပါဝင်ဘဲနဲ့ ထုတ်လုပ်လို့မရတာတော့အမှန်ပါပဲ။ ကောင်တာခုံပေါ်က စမ်းသုံး ကြည့်ဖို့ခွင့်ပြုထားတဲ့ အလှကုန် Tester များအား တစ်ခုချင်းသေချာလေ့လာကြည့်ပါ။ အလှကုန်တွေဟာ ထုတ်လုပ်ပြီးကာစ ကာလတွေမှာ အနံ့ကောင်းပေမယ့် အချိန်ကြာလာလေလေ ဓာတုအနံ့တွေ၊ ဆီချေးအနံ့တွေ ထွက်လာလေလေပါပဲ။ ဒါ့ကြောင့် မိမိဝယ်ထားတဲ့မိတ်ကပ်၊ အလှကုန်တွေကို ကပ်စေးနှဲပြီး နည်းနည်းလေးချင်းစီ နှစ်ရှည်လများ လိမ်းတတ်တဲ့သူတွေကတော့ ဒီလိုအနံ့တွေထွက်လာတာကို သတိထားမိကြမှာပါ။ တစ်နေကုန် အပြင်ထွက်ပြီးနေဒဏ်၊ လေဒဏ်၊ မိတ်ကပ်ဒဏ်၊ အဆီပြန်မှုဒဏ်၊ လမ်းမပေါ်ကဓာတ်ဆီဒီဇယ်ဆီငွေ့၊ ဆေးလိပ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေရဲ့ဒဏ်ကို ခံခဲ့ရပြီးနောက် အိမ်ပြန်ရောက်ချိန်မှာ မိမိတို့ရဲ့ အရေပြားကို ကြင်နာစွာ ပြုစုစောင့်ရှောက်ဖို့လိုပါတယ်။ အလုပ်ကပြန် ကျောင်းကပြန်လာရင်လူက နုံးချည့်နေပါပြီ။ စိတ်ရောလူပါပင်ပန်းနေချိန်ဖြစ်ရင် အိပ်ရာထဲ ထိုးအိပ်ဖို့လောက်ပဲ စဉ်းစားနေတတ်ပါတယ်။ ဒါပေမယ့် အသားအရေလှပစိုပြည်ဖို့အတွက် တစ်နေ့တာ ၂၄နာရီထဲက ၁၅ မိနစ်လောက် တော့အချိန်ပေးသင့်ပါတယ်။
အိပ်ရာမ၀င်မှီ မျက်နှာသစ်ပါ။
အိပ်ရာထဲတန်းမဝင်လိုက်ပါနဲ့။ ရေမချိုးဖြစ်ရင်တောင် မျက်နှာလေးပေါ်က စိမ့်ဝင်နေတဲ့ မိတ်ကပ်တွေ၊ Moisturizer တွေ၊ Sunscreen တွေ ပြောင်စင်သွားအောင် မျက်နှာသစ် သန့်စင်ဆေးနဲ့ အသေအချာ သစ်ပေးပါ။ မိတ်ကပ် အကြွင်းအကျန်တွေ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုးတွေကသင့်အရေပြားရှိ ချွေးပေါက်လေးတွေကို ပိတ်ဆို့သွား စေနိုင်တာမို့ သေချာ သန့်စင် ဆေးကြော ပေးဖို့ လိုအပ်ပါတယ်။ လိုအပ်လျှင် Cotton Pad ဂွမ်းလုံးလေးတွေသုံးပြီး ဖယ်ရှားပါ။ သန့်စင်ဆေးကြောရာမှာ ညင်သာနူးညံ့စွာကိုင်တွယ်ပါ။
ကိုလေဂျင်အမျှင် ထုတ်လုပ်မှုကိုအားပေးတဲ့ ဗီတာမင် A ပါတဲ့ အလှကုန် သုံးပါ။
အသက်ရလာတော့ အားလုံးသိတဲ့အတိုင်း မျက်နှာနှင့် လည်ပင်းကိုတင်းတင်းရင်းရင်းဖြစ်အောင် ထောက်ကန်ပေးထားတဲ့ ကိုလေဂျင်အမျှင်တွေ လျော့ရဲလာပါပြီ။ ဒါ့ကြောင့်အသားအရေကို တင်းရင်းစေတဲ့ဗီတာမင် A ဓာတ်စာများကို စားပေးရပါမယ်။ ဗီတာမင် A ဓာတ် ထည့်သွင်းထားတဲ့ အလှကုန်တွေကို ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးရမယ်။ ကိုလေဂျင်ဟာ အသားအရေ တင်းရင်းဖို့အတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ ကိုလေဂျင်ထုတ်လုပ်မှုများများလေလေသင့်မှာအရေးအကြောင်း၊ အတွန့်အလိပ်နည်းလေလေဖြစ်ပါတယ်။ ကိုလေဂျင် ထုတ်လုပ် မှုကို အားပေးတဲ့ ညလိမ်းခရင်မ်တွေဟာ နေ့လိမ်းခရင်မ်တွေထက် အသားအရေကိုပိုမိုတင်းရင်းစေနိုင်ပါတယ်။
အရေးအကြောင်းနည်းအောင် ဘယ်လိုအိပ်သင့်သလဲ။
မှောက်အိပ်တဲ့အခါနဲ့ စောင်းအိပ်တဲ့အခါတွေမှာ အရည်တွေကမှောက်အိပ်တဲ့၊ စောင်းအိပ်တဲ့မျက်နှာဘက်မှာစုသွားပြီး အရေးအကြောင်းအတွန့်အလိပ်အပြင် မျက်နှာကြီး မို့အစ် လာ တတ်ပါတယ်။ ဒါ့ကြောင့်အသားအရေလည်း တင်းတင်းလေးဖြစ်၊ ဦးခေါင်း နောက်စေ့လည်း အနေတော်ပုံစံတကျ အခွက်ကလေးထဲဝင်အောင် အလယ်မှာချိုင့်တစ်ခုပါတဲ့ခေါင်းအုံးမျိုး ရှာဝယ်အုံးနိုင်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ စောင်းအိပ်တတ်တဲ့သူမို့ စောင်းအိပ်မယ်ဆိုရင်ဘယ်နှင့်ညာ တစ်လှည့်စီပြောင်းပြီးစောင်းအိပ်ဖို့တော့ လိုပါတယ်။ တစ်ဖက် တည်းချည်း စောင်းအိပ် မယ်ဆိုရင် ဥပမာ အမြဲ ဘယ်ဘက်စောင်း အိပ်တတ်ရင် မျက်နှာရဲ့ဘယ်ဘက်ခြမ်းမှာ အရေးအကြောင်း ပိုများလာတတ်ပါတယ်။ ညာသန်ဆိုရင်လည်း ညာဘက်မှာ အရေးအကြောင်းများတတ်ပါတယ်။ အကောင်းဆုံးကတော့ နောက်ကျော ပခုံးတစ်ဝက်ခန့်မှာ ခေါင်းအုံးထားပြီး မေးလေးအပေါ်ဘက်မော့၊ ဦးခေါင်းနောက်လှန်ချ အိပ်နိုင်ခြင်းဟာ မျက်နှာ အရေးအကြောင်းများ တင်မကလည်ပင်းရှိအရေး အကြောင်းများကိုပါလျော့ကျစေ နိုင်ပါတယ်။ မယုံလျှင် ဦးခေါင်းနောက်လှန်ချပြီး အိပ်ကြည့်ပါ။ သိသာစွာ မျက်နှာလေး တင်းရင်း လာတာကို တွေ့ရပါမယ်။
စိတ်ကလေးကို ပျော်အောင်မွေးမြူထားပါ။
မျက်နှာလေး ကြည်စင်နေစေ လိုပါက "စိတ်ပျိုမှကိုယ်နု" ဆိုသလို စိတ်ရွှင်လန်းနေဖို့ လိုပါတယ်။ စိတ်ကအမြဲရွှင်လန်းပျော်ရွှင်နေပါက မျက်နှာလေးမှာ အရေးအကြောင်းနည်းစေပါတယ်။ ဘဝမှာ "ပျော်ပျော်နေသေခဲ" ဆိုသလို ပျော်ရွှင်အောင် နေတတ်ထိုင်တတ် စိတ်ထားတတ်ပါမှလည်း ဘဝမှာ ပျော်ရွှင်စရာအဖြစ်အပျက်တွေနဲ့ကြုံတွေ့ရမှာပါ။ အရာအားလုံးကို အပြစ်မြင် နေမယ်ဆိုရင် စိတ်ညစ်စရာတွေချည်းပဲ ဖြစ်လာနေမှာပါ။ ဒါ့ကြောင့် ဟာသဝတ္ထုတွေ၊ ဟာသပြဇာတ်လေးတွေ၊ တီဗီစီးရီးတွေကို လူကြိုက်များကြတာဖြစ်ပါ တယ်။ ဘဝအမော လေးတွေကို အကောင်းမြင်စိတ်နဲ့ ကြည့်ရှုပါမှပျော်ရွှင်အေးချမ်းနိုင်ပါလိမ့်မယ်။သူငယ်ချင်းနဲ့ စကားစမြည်ပြောဆိုတာ၊ ပျော်ပွဲစားထွက်တာ၊ ချောကလက် ခါးခါးလေးစားတာ၊ အလှကုန်ပစ္စည်းလေးတွေအကြောင်း ဆွေးနွေးတာ၊ ဈေးဝယ်ထွက်ဖို့ ချိန်းတာတွေကလည်း မိမိတို့ရဲ့ စိတ်ကိုအာဟာရဖြည့်တင်းပေးသလို ဖြစ်စေပြီး စိတ်ကို ပျော်ရွှင်စေကာ စိတ်ညစ်စရာတွေကိုလည်း အာရုံမရောက်တော့ပါဘူး။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )