22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

ကားတိုက်သူမှတာဝန်မယူ၍ သေဆုံးသူမြန်မာအမျိုးသမီး အလောင်းမြေချရန်ဆိုင်းငံ့

မဲဆောက်မြို့တွင်ယာဉ်တိုက်မှုကြောင့်သေ
ဆုံးခဲ့ရသည့် နောင်ဘွားအထည်ချုပ်စက်ရုံမှ
မအေးအေးမော်(၃၃) နှစ်ကိုယာဉ်မောင်းသူ
ထိုင်းနိုင်ငံသား(မျှော့လူမျိုး)က တစုံတရာ


တာဝန်ယူမှုမရှိသည့်အတွက် နာရေးကိစ္စမြေချမှုကိုဆိုင်းငံ့ထားပြီး မဲဆောက်ရဲ စခန်းတွင်ဥပဒေကြောင်းအရအမှုဖွင့်တရားစွဲဆိုထားသည်။


မြေချရန်ဆိုင်းငံခြင်းနှင့် ဥပဒေကြောင်းအရအမှုဖွင့်တရားစွဲဆိုရန် သေဆုံးသူ၏ အလုပ်ရှင်နှင့်နာ ရေးကူညီ မှုအသင်း(မဲဆောက်)အဖွဲ့ ကတောင်း ဆိုထားခြင်းဖြစ်သည်။


မအေးအေးမော်သည် ပြီးခဲ့ သည့်တ နင်္ဂနွေနေ့ ညနေ ၅ နာရီခန့်တွင် အဌားဆိုင်ကယ်နှင့်မြို့ထဲအသွား တွင်ဂေါ်ဖီထုပ်တင်လာသည့်ကားမှ ၀င်တိုက်ခဲ့ခြင်း ဖြစ်ပြီး ဆိုက်ကယ်မောင်းသူလွှတ်မြောက်ကာ မအေးအေးမော် မှာနေရာတွင် ပင်ပွဲခြင်းပြီးသေ ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


နာရေးကူညီမှုအသင်း(မဲဆောက်)မှကိုအရှည်ကြီးက” ကားသမားကတိုင်ချင်ရာတိုင်လို့ပြောတယ် တိုက်တဲ့ကားကိုရဲစခန်းမှာဖမ်းထားတယ် ဒါကြောင့်ဒီအမှုကိစ္စပြီးမှမြေချဖို့ အလုပ်ရှင်နဲ့ကျွန်တော် တို့ဆုံးဖြတ်ထားတယ်”ဟု ပြောသည်။


သေဆုံးသူမအေးအေးမော်သည် ရန်ကုန်တိုင်းဒေသကြီးသံလျှင်မြို့နယ်အောင်ချမ်းသာရပ်ကွက်နေ ဦးသောင်းရွှေဒေါ်ကြင်ဥတို့၏သမီးဖြစ်ပြီး မဲဆောက်တွင်တရားဝင်အလုပ်သမားလက်မှတ်နှင့်ယာ


ယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားပြီး မဲဆောက်မြို့ပြင်ရှိနောင်ဘွားရပ်ကွက်အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

ယနေ့မွန်းလွဲပိုင်းတွင်မဲဆောက်ရဲစခန်း၏အဆိုအရ သေဆုံးသူအတွက်နစ်နာကြေးအဖြစ် ယာဉ်မောင်းသူက ထိုင်းဘတ်ငွေ၁၅၀၀၀ ပေးမည်ဟုကမ်းလှမ်းချက်ကိုအလုပ်ရှင်နှင့်နာရေးကူညီမှုအသင်းကလက်မခံဘဲ

 ငြင်းပယ်လိုက်ကာ ဥပဒေကြောင်းအရသာရင်ဆိုင်သွားမည်ဟု သေဆုံးသူ၏ထိုင်းအလုပ်ရှင်ကပြောသည်။

အလုပ်ရှင်က”ဒီလိုဘဲအလွယ်တကူလက်ခံလိုင်ရင် နောက်ကိုဘတ်ငွေ ၁၅၀၀၀ ပေးရင်လူတွေကိုကားနဲ့ တိုက်သတ်လို့ရတယ်ဆိုတဲ့ အစဉ်အလာဖြစ်သွားမှာပေါ့ ကျွန်တော်တို့ဖြစ်စေချင်တာကနားလည်မှုနဲ့လူမှုရေး စိတ်ဓါတ်ပါ အခုဖြစ်ပုံကလာလည်းမကြည့်ဘူး လူမိုက်စကားလည်းပြောသေးတယ်”ဟုဆိုသည်။


သေဆုံးသူ၏ရုပ်ကလပ်ကို နောင်ဘွားထိုင်းဘုန်းတော်ကြီးကျောင်း၏ အသုဘရှုဇရပ်ရှိ အအေးခန်းထဲတွင် ထားရှိပြီး မအေးအေးမော်အတွက် ထိုင်းလူမှုဖူလုံရေးဌာနကပေးအပ်မည့်ခံစားခွင့်ကိုလက်ခံရယူရန် မိသား စုဝင်တစ်ဦး ထိုင်းနိုင်ငံမဲဆောက်သို့ အထောက်အထားစာရွက်စာတမ်းများဖြင့်လာရောက်ရမည်ဖြစ်သည်။


ထိုင်းနိုင်ငံဥပဒေအရ တရားဝင်အလုပ်သမားတဦးသေဆုံးပါက ထိုင်းလူမှုဖူလုံရေးဌာနမှ နစ်နာကြေးနှင့်ခံ စားခွင့် ထိုင်းဘတ်ငွေ ၁၈၅,၀၀၀ ရရှိမည်ဖြစ်ပြီး ငွေလက်ခံမည့်သူသည်မိသားစုဝင်ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။


ထိုင်းလူမှုဖူလုံရေးဌာနမှပေးအပ်သည့်နစ်နာကြေးများကို ယခင်ကမဲဆောက်ဒေသတွင် အလားတူသေဆုံးခဲ့ကြသည့် မြန်မာအလုပ်သမား(၁၀)ဦးခန့်၏ မိသားစုဝင်များရရှိခဲ့ကြသည်ဟု နာရေးကူညီမှုအသင်း(မဲဆောက်)မှကိုအရှည်ကြီးကပေါ်ပြူလာနယူးစ်ဂျာနယ်သို့ပြောသည်။


ဓာတ်ပုံ/ သတင်း ရဲရင့်မောင်။

 PopularNews

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )