အတွေ့အကြုံကောင်းများ ရှာဖွေရန် အတွက် ချယ်လ်ဆီး အသင်းအား အငှား ကစားသမား ဘဝဖြင့် ခေတ္တ စွန့်ခွာ သွားလိုကြောင်း လူငယ် ကစားသမား ကီဗင် ဒီဘရိုင်နီက ဝန်ခံ ပြောဆိုခဲ့သည်။
ချယ်လ်ဆီးသည် အသက်(၂၁)နှစ်ရှိ လူငယ်လေးကို ဘယ်လ်ဂျီယံ ကလပ် ဂျန့်ခ်မှ ခေါ်ယူခဲ့သော်လည်း ပထမ အသင်းတွင် နေရာပေးဖွယ် မရှိသေးချေ။ ချယ်လ်ဆီးထံသို့ မာကိုမာရင်အား ရောင်းချခဲ့သည့် ဂျာမန်ကလပ် ဝါဒါဘရီမင်က ဒီဘရိုင်နီကို အငှား ခေါ်ယူရန် ဆန္ဒ ရှိနေပြီး ဒီဘရိုင်နီကလည်း ဂျာမန်မြေတွင် အငှားသွားရောက် ကစားလိုကြောင်း ဖွင့်ဟခဲ့သည်။ ဒီဘရိုင်နီသည် ယခု သီတင်းပတ်ကုန်တွင် အသင်းသစ်နှင့် ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်ကို စတင်နိုင်တော့မည် ဖြစ်သည်။
အငှား သွားကစားလိုသည့် ဒီဘရိုင်နီ
ဒီဘရိုင်နီက "မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုက ကျွန်တော့် အနေအထားကို သဘောပေါက်ပါတယ်။ ကျွန်တော် ချယ်လ်ဆီးကို စွန့်ခွာချင်ပါတယ်။ ဘရီမင်ဟာ အသင်းကောင်း တစ်ခုပါ" ဟု ဒီဘရိုင်နီက Bildသို့ ပြောဆိုခဲ့သည်။ ချယ်လ်ဆီးသည် ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံ ကစားသမားလေးအတွက် ပေါင်စတာလင် (၇)သန်း အကုန်အကျခံ ဝယ်ယူခဲ့သည်။ သို့သော်လည်း ဒီဘရိုင်နီသည် မာရင်အပြင် အီဒင်ဟာဇက်၊ သော်ဂန်ဟာဇက်နှင့် အော်စကာတို့ ထပ်မံ ရောက်ရှိလာသည့်နောက် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ပွဲထွက်နေရာ ရဖွယ်မရှိရာ အငှား ထွက်ကစားရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုက ကျွန်တော့် အနေအထားကို သဘောပေါက်ပါတယ်။ ကျွန်တော် ချယ်လ်ဆီးကို စွန့်ခွာချင်ပါတယ်။ ဘရီမင်ဟာ အသင်းကောင်း တစ်ခုပါ...
11:31 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com