22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 1, 2012

ဘာဘာတော့ဗ်ကို စိတ်ဝင်စားနေသည့် QPR

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဒီမီတာ ဘာဘာတော့ဗ်ကို ခေါ်ယူနိုင်ရန် QPR အသင်းက မျှော်လင့်နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။

မန်ယူအသင်းမှ ပါ့ခ်ဂျီဆန်နှင့် ဖေဘီယို ဒါဆေးလ်ဗားတို့ကို ခေါ်ယူပြီးနောက် QPRသည် ဝါရင့် ဘူလ်ဂေးရီးယား ဂိုးသွင်းစက်ကိုပါ မျက်စိကျနေခြင်း ဖြစ်သည်။ ဘာဘာတော့ဗ်သည် မန်ယူတွင် ပွဲထွက်နေရာ ပျောက်ဆုံးနေသည့်နောက် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာရန် စဉ်းစားနေကြောင်း ဝန်ခံထားသည်။ အသက်(၃၁)နှစ်ရှိ ဘာဘာတော့ဗ်သည် (၂၀၁၀-၁၁) ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ဘောလုံး ရာသီကမူ ဝိန်းရွန်နီ၊ ဒန်နီဝဲလ်ဘက်နှင့် ဂျာဗီးယား ဟာနန်ဒက်ဇ်တို့နောက် အရန်အဖြစ်သာ နေရာ ရခဲ့သည်။


QPR မန်နေဂျာ မာ့ခ်ဟုဂ်ျသည် ပေါင်စတာလင် (၅)သန်းမျှ ပေါက်ဈေးရှိမည့် ဘာဘာတော့ဗ်အား စာချုပ်ခေါ်ယူခြင်းသည် အသင်း၏ တိုက်စစ်ပိုင်း အတွက် အကောင်းဆုံး အားဖြည့်မှုတစ်ခု ဖြစ်လာမည်ဟု ယူဆလျှက် ရှိနေသည်။ ဟုဂ်ျသည် နွေရာသီ ဈေးကွက်အတွင်း မျက်နှာသစ် (၇)ဦးထိ ခေါ်ယူ ထားသော်လည်း ဈေးကွက်ထဲတွင် ဆက်လက် မွှေနှောက် လှုပ်ရှားရန် အသင့်ရှိနေဆဲ ဖြစ်သည်။ ဘာဘာတော့ဗ်အား အီတလီ ကလပ် အေစီမီလန်နှင့် ပရီးမီးယားလိဂ် တန်းတက် ဝက်စ်ဟမ်း ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။
မန်ယူအသင်းမှ ပါ့ခ်ဂျီဆန်နှင့် ဖေဘီယို ဒါဆေးလ်ဗားတို့ကို ခေါ်ယူပြီးနောက် QPRသည် ဝါရင့် ဘူလ်ဂေးရီးယား ဂိုးသွင်းစက်ကိုပါ မျက်စိကျနေခြင်း ဖြစ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )