မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က တိုက်စစ်မှူး ဂျာဗီယာ ဟာနန်ဒက်ဇ်သည် နွေရာသီ နားရက်များကြောင့် ခြေစွမ်း မြင့်မား လာမည်ဟု မှတ်ချက်ပြု ပြောဆိုလိုက်သည်။
အသက်(၂၄)နှစ်ရှိ မက္ကစီကို လက်ရွေးစင် တိုက်စစ်မှူးသည် ပြီးခဲ့သည့် ဘောလုံးရာသီ အများအပြားတွင် နွေရာသီ နားရက် မရဘဲ လက်ရွေးစင် အသင်းအတွက် ပါဝင် ကစား ပေးနေခဲ့ရသည်။ သို့သော်လည်း ယခု နွေရာသီတွင်မူ ဟာနန်ဒက်ဇ်သည် သီးခြား အားလပ်ရက်ကို ခံစားခွင့် ရရှိထားသည်။ ၎င်းသည် မန်ယူ ကစားသမား ဘဝ ပွဲဦးထွက် ရာသီတွင် ဂိုးပေါင်း(၂၀) သွင်းယူ နိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ဘောလုံး ရာသီတွင်မူ ခြေစွမ်း အတန်ငယ် ယိမ်းယိုင်ကာ ဒန်နီဝဲလ်ဘက် လက်ထဲသို့ ပွဲထွက် နေရာကို လွှဲပေး ခဲ့ရသည်။
ဖာဂူဆန်က "လာမယ့် ရာသီမှာ ဟာနန်ဒက်ဇ် ပိုကောင်း လာမှာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ လေးငါးခုလောက်မှာ သူဟာ နွေရာသီဆို အနားမရခဲ့ဘူး။ ဒီနှစ်မှ သေသေချာချာ နားခွင့် ရတာပါ။ မန်ယူက သူ့ကို ဖြစ်နိုင်သလောက် အနား ပေးထားချင်ပါတယ်။ သူက နှစ်ပတ်လောက် နားပြီး မက္ကစီကို အတွက် ခြေစစ်ပွဲ ကစားရတယ်။ ပြီးတော့ ပြန်အနား ရခဲ့တယ်။ ဒါဟာ သူ့အတွက် အရေးကြီးပါတယ်။ ပြီးတော့ အသင်းနဲ့ တူတူ လေ့ကျင့်ခန်း စောစော ဆင်းနိုင်တာလည်း ကျေနပ်စရာပါ။ ရာသီသစ်မှာ ဟာနန်ဒက်ဇ်ဟာ ထိပ်တန်းအဆင့် ပုံစံကောင်း ရနေမယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ပြောကြား သွားခဲ့သည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com