22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 1, 2012

ဗန်ပါစီအား မန်စီးတီးတွင် လာကစားရန် ကွမ်ပနီ ဖိတ်ခေါ်

မန်ချက်စတာ စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့် ကွမ်ပနီက အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီအား မိမိတို့နှင့် လာရောက် ပူးပေါင်းရန် ဖိတ်ခေါ်လိုက်သည်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးသည် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးကို ကာလရှည်ကြာ ချိတ်ဆက် နေသော်လည်း ယခုတိုင် အတည်ပြု ခေါ်ယူနိုင်ခြင်း မရှိသေးပေ။ ထို့အပြင် မန်ချက်စတာ ယူနိုက်တက်နှင့် ဂျူဗင်းတပ်စ် အသင်းများကလည်း မန်စီးတီးနှင့် အပြိုင် ဗန်ပါစီအား စိတ်ဝင်စားလျှက် ရှိသည်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟို နောက်ခံလူ ကွမ်ပနီက အခြား ကလပ်များ၏ ကမ်းလှမ်းမှုများ ရှိလာသည့်တိုင် မိမိတို့ထံ ဗန်ပါစီ အနေဖြင့် လာရောက် ပူးပေါင်းသင့်ကြောင်း အကြံပြု ပြောဆိုသွားသည်။


"ဗန်ပါစီဟာ တိုးတက်မှု သိပ်ကို မြန်ဆန် ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ကျွန်တော် လွန်ခဲ့တဲ့ (၅)နှစ်၊ (၆)နှစ်လောက်က သူနဲ့ စပြီးတော့ ရင်ဆိုင် ကစားဖူးခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီက ဗန်ပါစီရဲ့ စွမ်းဆောင်ရည် အပိုင်းကတော့ မယုံနိုင်လောက်စရာ ကောင်းလာခဲ့ပါတယ်။ သူ့လို ကစားသမားမျိုးက တာဝန်ယူ ကစားရတဲ့ ဘယ်အသင်းကို မဆို ကောင်းကျိုး ဖြစ်စေမှာပါ။ သူ့ရဲ့ အဆုံးသတ်ပုံက သိပ်ကောင်းပါတယ်။ ဗန်ပါစီဟာ အာဆင်နယ်ရဲ့ စံပြ ကစားသမားပါ။ သူ့ကို ကျွန်တော်တို့ဆီ လာကစားဖို့ ဖိတ်ခေါ်ချင်ပါတယ်" ဟု ကွမ်ပနီက ချီးကျူး ပြောကြားသွားသည်။

သူ့လို ကစားသမားမျိုးက တာဝန်ယူ ကစားရတဲ့ ဘယ်အသင်းကို မဆို ကောင်းကျိုး ဖြစ်စေမှာပါ။ သူ့ရဲ့ အဆုံးသတ်ပုံက သိပ်ကောင်းပါတယ်။ ဗန်ပါစီဟာ အာဆင်နယ်ရဲ့ စံပြ ကစားသမားပါ။ သူ့ကို ကျွန်တော်တို့ဆီ လာကစားဖို့ ဖိတ်ခေါ်ချင်ပါတယ်...
ကွမ်ပနီက ယခုနွေရာသီတွင် မန်စီးတီးအသင်း ကစားသမားသစ် မခေါ်ယူနိုင်သေးသော်လည်း စိုးရိမ်မှု မရှိဟု ဆိုသည်။ "ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ်ပါ။ ကျွန်တော်တို့ အသင်းဟာ တိုးတက် လာမယ်လို့ ထင်တယ်။ ကျွန်တော်တို့ ကစားသမားသစ်တွေ လိုအပ်ရင်လည်း မန်နေဂျာက ဆုံးဖြတ်မှာပါ။ ကစားသမားသစ်တွေ ရောက်လာလာ၊ မရောက်လာလာ မန်စီးတီးဟာ ပင်ကိုယ် သဘာဝ အရ တိုးတက် လာနေပါတယ်" ဟု ကွမ်ပနီက မှတ်ချက်ပြုခဲ့သည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )