22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 16, 2012

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Air Chief Marshal Su-kumpol Suwanatat ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ  နိုင်ငံတော်

သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ သည်။

ထိုသို့ တွေ့ဆုံရာတွင်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အတူ ပြည်ထဲရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့်  မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊

သမ္မတရုံး ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့် နှင့်  ဌာန ဆိုင်ရာ အကြီးအကဲ များ တက်ရောက် ကြပြီး ဧည့်သည်တော် ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့နှင့် အတူ မြန်မာ နိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံ အမတ်ကြီး Mr. Pisanu  Suvanajata နှင့် စစ်သံ မှူး Colonel Prachern Chaiyakit  တို့ လည်း တက်ရောက် ကြသည်။

 တွေ့ဆုံ ရာ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌာနဝန်ကြီး  ဦးဆောင်သော အဖွဲ့ကို  လှိုက်လှဲစွာ ကြိုဆို ပါကြောင်း၊ အဆွေတော် ၏ ခရီးစဉ်သည် နှစ်နိုင်ငံ လုံခြုံရေး နှင့် တရား ဥပဒေ စိုးမိုးရေး အတွက် များစွာ အထောက် အကူ ပြုမည့် ခရီးစဉ် ဖြစ်မည်ဟု ယုံကြည် ထားပါ ကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးက မိမိ အနေဖြင့် နေပြည်တော် သို့   ပထမဆုံး အကြိမ် လာရောက် သည့် ဤ ခရီးစဉ် တွင် နိုင်ငံတော် သမ္မတ ကြီးအား လာရောက် ဂါရဝပြု တွေ့ဆုံခြင်း ဖြစ်ပါ ကြောင်း၊

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ကလည်း ဂါရဝပြု ကြောင်းကို အမှာ စကား ပါးလိုက် ပါကြောင်း၊ ယခု ခရီးစဉ် တွင် နှစ်နိုင်ငံ ဆက်ဆံရေး တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက် သွားမည် ဖြစ်ပါ ကြောင်း၊

 ထိုင်း-မြန်မာ နယ်စပ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နှစ်နိုင်ငံ နယ်စပ် ကျေးရွာ များ ဖွံ့ဖြိုး တိုးတက် အောင် ကြိုးပမ်း ဆောင်ရွက်လို ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော် ခိုးဝင်မှု များနှင့် မူးယစ် ဆေးဝါး ကိစ္စရပ် များအား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် လိုပါ ကြောင်းဖြင့် ပြောကြား သည်။


 ယင်းနောက် နိုင်ငံတော် သမ္မတ က ဆက်လက် ပြောကြား ရာတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် နှင့် အစိုးရ အဖွဲ့ တို့က နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ် များ၌ ညှိနှိုင်း ဆောင်ရွက် သဖြင့် ကျေးဇူး တင်ရှိ ပါကြောင်း၊

 မိမိ ထိုင်းနိုင်ငံ သို့ရောက် ရှိစဉ် စက်မှု ဇုန်များသို့ လေ့လာ ခွင့်ရရှိ ခဲ့သဖြင့် မြန်မာ နိုင်ငံက ကြိုးပမ်း လျက်ရှိသော စက်မှုဇုန် (၂)ခု ထူထောင် ရေးတွင်   အတွေ့ အကြုံ များစွာ ရရှိ ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့သည် လွန်စွာမှ လိုအပ်သော ကိစ္စရပ် များဖြစ် ပါကြောင်း၊

ယခု အခါ နယ်စပ် ဒေသ၌ မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ကိစ္စရပ် များကို ထိထိ ရောက်ရောက် ပူးပေါင်း ဆောင်ရွက် နိုင်ပြီ ဖြစ်၍ လျော့နည်း သွားမည် ဖြစ်ပါ ကြောင်း၊

 နယ်စပ် ဒေသ အေးချမ်း လာသည် နှင့်အမျှ နှစ်နိုင်ငံ ပူးပေါင်း၍   မူးယစ် ဆေးဝါး အစားထိုး သီးနှံ စိုက်ခင်း ကြီးများ၊ စီမံကိန်း ကြီးများ ဆောင်ရွက် သွားရန် စီစဉ် လျက်ရှိ ပါကြောင်း ဖြင့်  ပြော ကြားသည်။

ဆက် လက်၍ ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးက မူးယစ် ဆေးဝါး တားဆီး နှိမ်နင်း ရေးကို   ထိုင်းနိုင်ငံ အစိုးရက ကြပ်မတ် ဆောင်ရွက်သွား မည်ဖြစ် ပါကြောင်း နှင့် ယခု ကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှု များအတွက် ကျေးဇူး တင်ရှိ ပါကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် နိုင်ငံတော် သမ္မတက ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ကျန်းမာ ပါစေ ကြောင်း၊ ဆုမွန်ကောင်း တောင်း ပါကြောင်း နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ကျန်းမာ စေရန် ဆုမွန် ကောင်း တောင်းပါ ကြောင်းဖြင့် ပြောကြားပြီး တွေ့ဆုံပွဲ ကို ရုပ်သိမ်း လိုက်သည်။


(မြဝတီ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )