22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

မြန်မာနိုင်ငံအထက်ပိုင်း အိမ် ခြံမြေ ဈေးကွက်တွင် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ

 

မြန်မာနိုင်ငံ အထက်ပိုင်းရှိ အချို့သော မြို့ကြီး များတွင် ရန်ကုန်နှင့် မြို့ကြီးများမှ စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလာမှုကြောင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ အိမ် ခြံ မြေများသည် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အိမ် ခြံ မြေအကျိုးဆောင်များထံမှ သိရသည်။
တောင်ကြီးမြို့
တောင်ကြီးမြို့ရှိ အိမ် ခြံ မြေများသည် အခြားမြို့များမှ စီးပွားရေးလုပ်ငန်းရှင်များ ကြောင့်သာ အဓိကအရောင်းအဝယ်ဖြစ်နေ လျက်ရှိကြောင်း တောင်ကြီးမြို့အခြေစိုက် တစ်ပိုင်တစ်နိုင် အိမ် ခြံ မြေပွဲစားလုပ်ငန်း လုပ်ကိုင်နေသူအများစုထံမှ သိရသည်။ေ တာင်ကြီးမြို့ရှိအိမ် ခြံ မြေဈေးနှုန်း များသည် ယခုနှစ်အတွင်း အလွန်မြင့်မား လာခြင်းကြောင့် ဒေသခံပြည်သူများက ၄င်းအိမ် ခြံ မြေများအား မဝယ်နိုင်တော့ ကြောင်း တောင်ကြီးမြို့ရှိ သစ်တောရပ် ကွက်အခြေစိုက် အိမ် ခြံ မြေပွဲစားလုပ်ကိုင် သူတစ်ဦးကပြောသည်။ “ဈေးနှုန်းတွေ အရမ်းမြင့်လာတော့ ဒေသခံတွေက အိမ် ခြံ မြေတွေကို မဝယ် နိုင်တော့ဘူး။ အဲဒီတော့ တခြားမြို့တွေက စီးပွားရေးလုပ်ငန်းရှင်တွေက အရင်ကဈေး နှုန်းတွေကိုမသိဘဲ အခုဖြစ်နေတဲ့ ပေါက် ဈေးအတိုင်း ဈေးကြီးပေးပြီး ဝယ်ကြတယ်။ အဲ့ဒီလိုစီးပွားရေးလုပ်ငန်းရှင်တွေ ရှိလို့သာ အရောင်းအဝယ်က ပုံမှန်ဖြစ်နေတာ”ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
တောင်ကြီးမြို့ရှိ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် အလွန်သင့်တော်သည့်နေရာ များ၌ ရှိသော အိမ် ခြံ မြေဈေးနှုန်းများမှာ သိန်း ၁၅၀ဝ၀ ကျော်ခန့် ပေါက်ဈေးရှိနေ ကြောင်း သိရသည်။ “စီးပွားရေးလုပ်ငန်းလုပ်လို့ အဆင် ပြေတဲ့နေရာတွေမှာဆိုရင် ဈေးတွေကအရမ်း ကိုမြင့်နေတာ။ အဲလိုတွေ ဖြစ်နေတာ ဘယ် လောက်မှ မကြာသေးဘူး။ ဒီနှစ်အတွင်း မှာပဲ ဖြစ်လာတာ”ဟု မင်းလမ်းမကြီးအနီး ရှိ အိမ် ခြံ မြေပွဲစားလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ တောင်ကြီးမြို့ရှိ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် အလွန်သင့်တော်ပြီး အိမ် ခြံ မြေဈေးနှုန်းအမြင့်မားဆုံးဖြစ်နေသည့်နေရာ များမှာ မင်းလမ်းမကြီးနှင့် မြို့ပတ်လမ်းတို့ ၌ဖြစ်ပြီး ၄င်းနေရာများရှိ အိမ် ခြံ မြေဈေး နှုန်းများမှာ သိန်းတစ်သောင်းနှင့်အထက် တွင်သာရှိကြောင်း သိရသည်။
ထို့ပြင် တိတ်ဆိတ်ငြိမ်သက်စွာ နေ ထိုင်လိုသူများသည် သစ်တောရပ်ကွက်၊ ရေအေးကွင်းရပ်ကွက် စသည့်ရပ်ကွက်များ တွင် နေထိုင်ကြခြင်းပိုများကြောင်း တောင် ကြီးမြို့ရှိ အိမ် ခြံ မြေပွဲစားလုပ်ကိုင်နေသူ အများစုထံမှ သိရသည်။ “ဒီမှာကတော့ ဘယ်ရပ်ကွက်က ဈေး ပိုကြီးတယ်ဆိုပြီး သီးသန့်မရှိဘူး။ မင်း လမ်းမကြီးရယ်၊ မြို့ပတ်လမ်းနဲ့နီးတဲ့ရပ် ကွက်တွေက ဈေးပိုမြင့်တယ်။ သီးသန့်နေ ချင်တဲ့သူတွေအတွက်ကျတော့ သစ်တော ရပ်ကွက်နဲ့ ရေအေးကွင်းလို ရပ်ကွက်တွေ ရှိတယ်”ဟု ရွှေသူဌေးကုန်းရပ်ကွက် အခြေစိုက် အိမ် ခြံ မြေပွဲစားလုပ်ကိုင်နေသူတစ်ဦး က ဆက်ပြောသည်။
တောင်ကြီးမြို့ရှိ မြေ သီးသန့် အနိမ့် ဆုံးဈေးနှုန်းမှာ ဆယ်သိန်းမှသိန်းငါးထောင် အထိရှိပြီး အကျယ်အဝန်းမှာ တစ်ဧကခန့် ကျယ်ဝန်းကြောင်း သိရသည်။ “မြေကွက်အလွတ်တွေက သာမန် ရပ်ကွက်တွေနဲ့ မြို့ပြင်မှာလောက်သာ ကျန်တော့တာ။ ဒီဘက် မင်းလမ်းဘက် မှာဆို မြေကွက်အလွတ်ကို မရှိတော့ဘူး။ အားလုံးက အဆောက်အအုံတွေနဲ့ပဲ ဖြစ် ကုန်ပြီ”ဟု မင်းလမ်းမကြီးအနီးရှိ တစ်ပိုင် တစ်နိုင် အိမ် ခြံ မြေပွဲစားလုပ်ငန်းလုပ်ကိုင် နေသူတစ်ဦးကဆိုသည်။
သာမန်လူတန်းစာများနှင့် အခြေခံ လူတန်းစားများသည် ရွှေသူဌေးကုန်းရပ် ကွက်၊ ချမ်းမြရပ်ကွက်၊ ဘုရားဖြူရပ်ကွက် နှင့် ရတနာသီရိရပ်ကွက်တို့တွင် အနေများ ကြောင်း သိရသည်။ ထို့ပြင် လယ်မြေများသည်လည်း မြို့ ထဲနှင့်နီးပြီး သီးနှံအထွက်ကောင်းပါက တစ်ဧကလျှင် သိန်း ၁၀ဝ ဝန်းကျင်ရှိပြီး ရွာများ၌သော လယ်မြေများဖြစ်ပါက တစ်ဧကလျှင် ၁၀ သိန်းခန့်သာရှိကြောင်း တောင်ကြီးမြို့အခြေစိုက် အိမ် ခြံ မြေပွဲစား လုပ်ငန်းလုပ်ကိုင်ကြသူ အများစုထံမှ သိရ သည်။
လားရှိုးမြို့
လားရှိုးမြို့ရှိ အိမ် ခြံ မြေများအား ဒေသခံများထက် အခြားဒေသများ၊ ရွာများ မှ စီးပွားရေးလာရောက်လုပ်ကိုင်ကြသူများ က အဓိကအရောင်းအဝယ်ပြုလုပ်နေလျက် ရှိကြောင်း လားရှိုးမြို့အခြေစိုက် အိမ် ခြံ မြေလုပ်ငန်းလုပ်ကိုင်ကြသူ အများစုထံမှ သိရသည်။ “လားရှိုးမှာ အိမ် ခြံ မြေအဓိက ဝယ် တာကတော့နယ်ကလူတွေပဲဝယ်ကြတယ်။ ဒေသခံတွေက သိပ်မဝယ်ကြတော့ဘူး။ အိမ် ခြံ မြေဈေးနှုန်းတွေက အရမ်းမြင့်လာ လို့လေ”ဟု (၁၂) ရပ်ကွက်ရှိ အိမ် ခြံ မြေ ပွဲစားတစ်ဦးက ပြောသည်။
လားရှိုးမြို့ရှိ အိမ် ခြံ မြေဈေးနှုန်းများ မြင့်တက်လားခြင်းသည် ယခုနှစ်အစပိုင်းမှ ဖြစ်ပြီး ယခင်က ငါးသိန်းခန့် တန်ဖိုးရှိ သည့် အိမ် ခြံ မြေများသည် ယခုအချိန်၌ သိန်း ၂၀ ခန့်ပေါက်ဈေးရှိနေကြောင်း သိရ သည်။ လားရှိုးဈေးမှာဆိုရင် ၁၀_၁၂ ပေ အကျယ်အဝန်းရှိတဲ့ ဆိုင်ခန်းတွေဆို သိန်း တစ်ထောင်တောင်ဖြစ်နေပြီ။ ဝန်းနဲ့ ခြံနဲ့ မြေ တွေဆိုရင် အရင်က သိန်း တစ်ရာကနေ အခုဆို သိန်းနှစ်ထောင်၊ သုံးထောင်ဖြစ်နေ ပြီ”ဟု (၇) ရပ်ကွက်ရှိ အိမ် ခြံ မြေပွဲစား လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောသည်။
လားရှိုးမြို့ရှိ အိမ် ခြံ မြေဈေးနှုန်းများ သည် အနိမ့်ဆုံးလျှင် ၁၀ သိန်းမှ အမြင့်ဆုံး သိန်း ၁၄၀ဝ အထိ ပေါက်ဈေးရှိကြောင်း လားရှိုးမြို့အခြေစိုက် အိမ် ခြံ မြေအကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်ကြသူ အများစုထံ မှ သိရသည်။ ထိုကဲ့သို့ သိန်းသောင်းချီပေါက်ဈေး ရှိသော အိမ် ခြံ မြေများအား အခြားမြို့များ မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ကြသူများသာ အဓိကအရောင်းအဝယ်လုပ်ကြပြီး သာမန် အရောင်းအဝယ်ပြုလုပ်လိုသူများသည် တိုး ချဲ့ရပ်ကွက်များနှင့် အခြားဆိတ်ငြိမ်ရပ်ကွက် များ၌သာ အရောင်းအဝယ်ပိုမိုပြုလုပ်လျက် ရှိကြောင်း သိရသည်။
“သိန်းထောင်ချီပေါက်ဈေးရှိတဲ့ အိမ် ခြံ မြေတွေကို စိတ်ဝင်စားကြတဲ့ လူတွေ ရှိတယ်။ ဒါပေမယ့် ဒေသခံတွေက အဲဒါ တွေကိုမဝယ်ဘဲ ဘိုးဘွားပိုင်မြေတွေမှာပဲ နေကြတယ်။ အဲလို သိန်းထောင်ချီတန်တဲ့ မြေတွေကို ဘဏ်လုပ်ငန်းလုပ်ကိုင်တဲ့သူ တွေကသာ ဝယ်ကြတာ”ဟု စိတ္တသုခရပ် ကွက်ရှိ တစ်ပိုင်တစ်နိုင် အိမ် ခြံ မြေပွဲစား လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ လားရှိုးမြို့ရှိ ဆိတ်ငြိမ်ရပ်ကွက်၌ နေ ထိုင်လိုသူများသည် လားရှိုးမြို့ပြင်ရှိတိုးချဲ့ ရပ်ကွက်များ၊ စိတ္တသုခရပ်ကွက်များ၌ နေ ထိုင်ကြသူများပြီး ၄င်းနေရာများရှိ အိမ် ခြံ မြေဈေးနှုန်းများမှာ မြေသီးသန့်ဖြစ်ပါက သိန်း ၂၀ဝ မှ သိန်း ၆၀ဝ အထိပေါက်ဈေး ရှိကာ အကျယ်အဝန်းမှာ ပေ ၄၀_၆၀ ရှိ ကြောင်းသိရသည်။ ထို့ပြင် လားရှိုးမြို့တွင် အိမ် ခြံ မြေ အမြင့်ဆုံးနှင့် အနိမ့်ဆုံးရပ်ကွက်ဟူ၍ သီး သန့်မရှိဘဲ လမ်းမများအနီးရှိ အိမ် ခြံ မြေ များမှာ ဈေးမြင့်ပြီး ရပ်ကွက်အတွင်းပိုင်းရှိ အိမ် ခြံ မြေများမှာ ဈေးနိမ့်ကြောင်း၊ အနိမ့် ဆုံးနှင့်အမြင့်ဆုံးပေါက်ဈေးမှာ ၁၀ သိန်းမှ သိန်းတစ်သောင်းလေးထောင်ခန့်အထိ ဖြစ် ကြောင်း လားရှိုးအခြေစိုက်တစ်ပိုင်တစ်နိုင် အိမ် ခြံ မြေပွဲစားလုပ်ငန်းလုပ်ကိုင်ကြသူ အများစုထံမှ သိရသည်။
တမူးမြို့
တမူးမြို့တွင် ယခုနှစ်၏ ဇူလိုင်လမှ စ၍ အရောင်းအဝယ်ပါးနေလျက်ရှိကြောင်း၊ ဇူလိုင်လမတိုင်ခင်အထိ အရောင်းအဝယ် အလွန်သွက်ခဲ့ကြောင်း တမူးမြို့အခြေစိုက် အိမ် ခြံ မြေ ပွဲစားလုပ်ငန်းလုပ်ကိုင်နေသူ အချို့ထံမှ သိရသည်။ သို့သော် တမူးမြို့တွင် အိမ် ခြံ မြေ အရောင်းအဝယ်ပါးလျက်ရှိသော်လည်း အိမ် ခြံ မြေဈေးနှုန်းများမှာ မြင့်တက်လျက် ရှိကြောင်း သိရသည်။ “အရောင်းထိုင်းတယ် ဆိုတာကတော့ မိုးတွင်းမို့လို့အရောင်းထိုင်းတာပါ။အရောင်းထိုင်းနေပေမယ့် ဈေးနှုန်းတွေကတော့ ကျမသွားဘဲ မြင့်ပဲမြင့်လာတယ်” ဟု မြို့မ ရပ်ကွက်ရှိ အိမ် ခြံ မြေပွဲစားလုပ်ငန်းလုပ် ကိုင်နေသူတစ်ဦးက ပြောသည်။ ယခင်က သိန်း ၅၀ ပေါက်ဈေးရှိ သည့် အိမ် ခြံ မြေများသည် ယခုဆိုလျှင် သိန်း ၁၅၀ အထိ မြင့်တက်နေပြီး ထိုသို့ ဖြစ်နေခြင်းမှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်း တမူးမြို့အခြေစိုက် အိမ် ခြံမြေပွဲစားလုပ်ငန်း လုပ်ကိုင်ကြသူအချို့ထံမှ သိရသည်။
တမူးမြို့ရှိ အိမ် ခြံ မြေဈေးနှုန်းများ သည် အနိမ့်ဆုံး သိန်း ၄၀ မှ အမြင့်ဆုံး သိန်း ၁၀ဝ၀ အထိဖြစ်ကာ လမ်းမကြီးများ အနီးရှိ အိမ် ခြံ မြေများသည် ဈေးနှုန်းပိုမြင့် ပြီး နေထိုင်သူပိုမိုများကြောင်း တမူးမြို့ အခြေစိုက် အိမ် ခြံ မြေအကျိုးဆောင်လုပ် ငန်းလုပ်ကိုင်နေကြသူ အများစုထံမှသိရ သည်။ “အေးအေးဆေးဆေး နေချင်ကြသူ တွေကျတော့ အောက်ကျင်းရပ်ကွက်တို့လို ရပ်ကွက်တွေမှာနေကြတယ်။ အဲဒီမှာကျ တော့ ဈေးသက်သာတယ်”ဟု စန္ဒကူးရပ် ကွက်ရှိ အိမ် ခြံ မြေပွဲစားလုပ်ငန်းလုပ်ကိုင် နေသူတစ်ဦးက ဆိုသည်။
ထို့ပြင် တမူးမြို့ရှိမြို့ထဲနှင့် အနီးတစ် ဝိုက်ရပ်ကွက်များတွင် မြေကွက်အလွတ် များ လုံးဝမရှိတော့ဘဲ အိမ်များအဆောက် အအုံများ တွဲလျက်ပါသည့် အိမ် ခြံ မြေ များသာ ကျန်ရှိတော့ကြောင်း သိရသည်။ ထိုကဲ့သို့ပင် တမူးမြို့ရှိ လယ်မြေများ အား ဒေသခံများက အရောင်းအဝယ်မပြု လုပ်သော်လည်း အခြားဒေသများ၊ အခြား ရွာများရှိ စီးပွားရေးလုပ်ငန်းရှင်များကြောင့် သာ အရောင်းအဝယ်ဖြစ်နေကြောင်း တမူး မြို့အခြေစိုက် အိမ် ခြံ မြေပွဲစာလုပ်ငန်းလုပ် ကိုင်ကြသူ အများစုထံမှသိရသည်။
ကလေးမြို့
ကလေးမြို့တွင် အိမ် ခြံ မြေအရောင်း အဝယ်သည် ဘဏ်လုပ်ငန်းရှင်များနှင့် အခြားဒေသ၊ အခြားမြို့များမှ စီးပွားရေး လုပ်ကိုင်ကြသူများဖြင့်သာအဓိကအရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကလေးမြို့ အခြေစိုက် အိမ် ခြံ မြေအကျိုးဆောင်လုပ် ငန်းလုပ်ကိုင်ကြသူအများစုထံမှသိရသည်။
ဘဏ်လုပ်ငန်းအပြင် စီးပွားရေးလုပ် ငန်းလုပ်ကိုင်ရန် အလွန်သင့်တော်သည့်နေရာမှာ ကလေးမြို့ လမ်းဆုံအနီးရှိ နေရာ များတွင်ဖြစ်ပြီး ဗိုလ်ချုပ်လမ်း၊ တံတားဦး ရပ်ကွက်နှင့် တာဟန်းရပ်ကွက်တို့တွင် အိမ် ခြံ မြေဈေးများ မြင့်မားနေလျက်ရှိကြောင်း သိရသည်။ “လမ်းဆုံနားမှာဆိုရင် တစ်ပေကို ၃၅ သိန်း၊ သိန်း ၄၀ အထိရှိတယ်။ဟိုတစ်လော က ဘဏ်ဖွင့်ဖို့ဆိုပြီး ဗိုလ်ချုပ်လမ်းမျက်နှာ စာတန်းကိုဝယ်သွားတာ ပေ ၆၀ ကို သိန်း ၂၇၀ဝ နဲ့ဝယ်သွားတယ်”ဟု ဗိုလ်ချုပ်လမ်း အနီးရှိ အိမ် ခြံ မြေအကျိုး ဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။ ကလေးမြို့ရှိ အိမ် ခြံ မြေဈေးနှုန်းများ ယခုကဲ့သို့ မြင့်မားနေခြင်းသည် ၂၀၁၀ ခုနှစ် မှ စတင်မြင့်မားနေခြင်းဖြစ်ပြီး လမ်းဆုံးနှင့် အနီးတစ်ဝိုက်ရှိရပ်ကွက်များအားလူအများ က ပိုမိုနှစ်သက်လျက်ရှိကြောင်းသိရသည်။
“ဈေးတွေ မြင့်လာတော့ ဒေသခံတွေ က မဝယ်ကြတော့ဘူး။ ဝယ်လည်း မဝယ် နိုင်တော့ဘူး။ ဒါပေမယ့် တခြားမြို့တွေက လူတွေကတော့ ဝယ်နိုင်တယ်။ လာလည်း ဝယ်ကြတယ်။ အဓိကယကတော့ ဘဏ်ဖွင့် ဖို့ပဲ လာဝယ်ကြတယ်”ဟု တာဟန်းရပ် ကွက်ရှိ အိမ် ခြံ မြေပွဲစားလုပ်ငန်းလုပ်ကိုင် နေသူတစ်ဦးက ပြောသည်။ သာမန် ရပ်ကွက်အတွင်းရှိ အိမ် ခြံ မြေဈေးနှုန်းသည် တစ်ပေလျှင် ၁၀ သိန်း အထိရှိကာ ရပ်ကွက်အတွင်းပိုင်းရှိ နေရာ မကောင်းသော မြေဖြစ်ပါက တစ်ပေလျှင် ၂ သိန်းအထိ ပေါက်ဈေးရှိကြောင် သိရ သည်။
“အခုနောက်ပိုင်းမှသာ ဒေသခံတွေ က မဝယ်တော့တာ။ မနှစ်ကလောက် အထိက ဒေသခံတွေကလည်း အိမ် ခြံ မြေ ဈေးတွေ ဒီထက့်ပိုတက်လာမလားဆိုပြီး ဝယ်ထားကြတယ်။ အခုမှာသာနည်းနည်း ငြိမ်သွားတာ”ဟု ဗိုလ်ချုပ်လမ်းရှိ အိမ် ခြံ မြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ် ဦးက ပြောသည်။ ထို့ပြင် ကလေးမြို့ရှိ စက်မှုဇုန်မြေ ကွက်ဈေးနှုန်းများမှာ ပေ ၄၀_၆၀ လျှင် သိန်း ၁၀ဝ အထိ ပေါက်ဈေးရှိကာ လယ် မြေများသည် အနိမ့်ဆုံး ၅ သိန်းမှ အမြင့် ဆုံး ၂၅ သိန်းအထိ ပေါက်ဈေးရှိကြောင်း ကလေးမြို့အခြေစိုက် အိမ် ခြံ မြေပွဲစား လုပ်ငန်းလုပ်ကိုင်ကြသူ အများစုထံမှ သိရ သည်။ 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )