22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 25, 2012

ရိုဟင်ဂျာပြဿနာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု လျော့ချရေးကို ထိခိုက်မှုမရှိ

မူဆလင် ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံသားတွေရဲ့ သည်းခံနိုင်မှု အားနည်းတဲ့ အချက်ကြောင့် အမေရိကန်နိုင်ငံသား တချို့ရဲ့ မြန်မာနိုင်ငံအပေါ် ရှုမြင်ပုံကို တစ်စုံတစ်ရာ ထိခိုက်မှု ရှိနေပေမယ့် မိမိတို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ လျော့ချပေးဖို့ ကိစ္စကိုတော့ ထူးထူးခြားခြား ထိခိုက်မှု မရှိပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell က ပြောလိုက်ပါတယ်။
RFA
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လျင်လျင်မြန်မြန် ဖြစ်လာတာ၊ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားတာကို အလွန်ပဲ အံ့သြမိပါတယ်လို့ သံအမတ်ကြီး Derek Mitchell က The Wall Street Journal ကိုပြောပါတယ်။
ရိုဟင်ဂျာ ပဋိပက္ခဟာ နိုင်ငံတကာက ထင်ထားသလို မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း တရားမျှတမှု ကင်းမဲ့ခြင်းကို ဖော်ပြနေသလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ အတိတ်ကာလတွေ မှာတုန်းကတော့ နိုင်ငံတကာ ခေါင်းဆောင်တွေဟာ မြန်မာ အစိုးရနဲ့ မြန်မာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပဲ အာရုံစိုက်ကြပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စမှာတော့ မြန်မာပြည်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တာကို မြင်တွေ့ရတယ် လို့ အမေရိကန် သံအမတ်ကြီးက ပြောလိုက်ပါတယ်။
တချို့ မြန်မာနိုင်ငံသားတွေဆိုရင် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာ နေထိုင်ပိုင်ခွင့် အခွင့်အရေးကိုတောင် မေးခွန်း ထုတ်လာကြတယ်လို့ သူကဆိုပါတယ်။
အတွေးအခေါ် တိုးတက်သူတွေလို့ သတ်မှတ်ခံထားရသူတွေ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို နှစ်ပေါင်းများစွာ တောင်းဆို တိုက်ပွဲဝင်ခဲ့သူတွေ အပါအ၀င် မြန်မာနိုင်ငံသားတွေကြားမှာ သည်းခံနိုင်မှု အားနည်းတာတွေ၊ လူမျိုး ဘာသာ အသားအရောင် စသဖြင့် ခွဲခြားဆက်ဆံတာမျိုးတွေကို တွေ့လိုက်ရတဲ့အခါ မိမိအနေနဲ့ စိတ်မသက်မသာ ဖြစ်ရပါတယ်လို့လည်း အမေရိကန် သံအမတ်ကြီးက ပြောလိုက်ပါတယ်။
မိမိတို့နဲ့ သူတို့အကြားမှာ မတူတဲ့ အမြင်တွေ ရှိနေတယ်ဆိုတာ ဒီအချက်က ပြသနေပါတယ်လို့ သူကပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေ ခံစားနေရတဲ့ ဒုက္ခ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေဟာ ရိုဟင်ဂျာတွေကိုပဲ အသားပေး ကူညီနေတာတွေအပေါ် ဒေသခံရခိုင်တွေရဲ့ ခံစားချက်တွေကိုလည်း မိမိတို့ ထပ်တူထပ်မျှ နားလည်ခံစားရပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Derek Mitchell က ပြောပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )