22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, August 27, 2012

Cisco စာမေးပွဲများ ပြည်တွင်းတွင် ပြန်လည်ဖြေဆိုနိုင်


 

Networking နယ်ပယ်တွင် ထင်ရှားသည့် Cisco စာမေးပွဲများ ကို ပြည်တွင်းရှိ Myanmar Inspirations အွန်လိုင်း စာစစ်ဌာနတွင် August လဆန်းမှ စတင်ကာ ပြန်လည် ဖြေဆိုနိုင်ပြီဖြစ်ကြောင်း သိရသည်။
Pearson VUE အွန်လိုင်းစာစစ်ဌာန၏ လုံခြုံမှုဆိုင်ရာ နည်းပညာများကို အ ဆင့်မြှင့်တင်ရန်နှင့် စာမေးပွဲစစ်ဆေး ရေးအတွက်အသုံးပြုသော Server များထားရှိသည့် Data Center ပြောင်းရွှေ့မှုကြောင့် နှစ်လကျော်ကြာ မျှ ရပ်နားထားခဲ့ရသော စာမေးပွဲများ ကို Myanmar Inspirations အွန် လိုင်းစာစစ်ဌာနတွင် Pearson VUE မှ ပြန်လည်ဖြေဆိုခွင့်ပြုလိုက်ပြီဖြစ် သည်။
Networking လောကတွင် အလုပ် အကိုင်နှင့် လစာဝင်ငွေကောင်းကောင်း ရနိုင်သော Cisco ၏ အောင်လက် ဖြေဆိုမှသာရနိုင်သော်လည်း ၂၀ဝ၉ ခုနှစ်မှစ၍ မြန်မာတစ်ပြည်လုံးတွင် Myanmar Inspirations အွန်လိုင်း စာစစ်ဌာနတွင် စတင်ဖြေဆိုခွင့်ရခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် အခြား ထင်ရှားသည့် အွန်လိုင်းစာမေး ပွဲများဖြစ်သော CompTIA (Computing Technology Industry Association) စာမေးပွဲများကို ယခင်က ဏမသာနအမငခ အသိအမှတ်ပြုအွန်လိုင်း စာစစ်ဌာနများတွင် ဖြေဆိုခွင့်ရခဲ့သော် လည်း ယခုအခါ Pearson VUE အသိအမှတ်ပြု အွန်လိုင်းစာစစ်ဌာန များတွင်သာ ဖြေဆိုခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။
Myanmar Inspirations သည် Pearson VUE ၏ မြန်မာနိုင်ငံလုံး ဆိုင်ရာအတွက်Exclusive Partner ဖြစ်ပြီး အထက်မြန်မာပြည် မန္တလေးမြို့ တွင်လည်း Pearson VUE အသိ အမှတ်ပြု အွန်လိုင်းစာစစ်ဌာနများကိုMyanmar Inspirations နှင့် MCC တို့ပူးပေါင်း၍ ထပ်မံဖွင့်လှစ်မည်ဟု Myanmar Inspirations မှ Managing Director ဦးကျော်သူက ပြော ကြားသည်။
ထို့ပြင်နည်းပညာနယ် ပယ်တွင် ထင်ရှားကျော်ကြားသည့် Cisco နှင့် MBA ကဲ့သို့ စီးပွားရေး နှင့်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ တက်ရောက်ရန်အတွက် မရှိမဖြစ်ဖြေ ဆိုရန်လိုအပ်သောGMAT အပါအဝင် အွန်လိုင်းစာမေးပွဲပေါင်း ၁၃၀ဝ ကျော် ကို Myanmar Inspirations အွန် လိုင်းစာစစ်ဌာနတွင် ဖြေဆိုနိုင်ပြီး ဖြေ ဆိုလိုသည့် ဘာသာရပ်ကို သုံးရက် ကြိုတင်စာရင်းသွင်းပြီး ဖြေဆိုနိုင် ကြောင်းသိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )