22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 14, 2012

ရော်နယ်လ်ဒိုအား အကောင်းဆုံး ထိန်းချုပ်မည်ဟု အလက်ဇန္ဒား ကိုလာရော့ဗ် ကြွေးကြော်

ချန်ပီယံလိဂ် ပွဲစဉ်တွင် မိမိသည် ခရစ္စတီယာနို ရော်နယ်လ်ဒိုအား အကောင်းဆုံး ထိန်းချုပ် သွားမည်ဟု မန်ချက်စတာ စီးတီး နောက်ခံလူ အလက်ဇန္ဒား ကိုလာရော့ဗ်က ကြွေးကြော်လိုက်သည်။

ဆာဘီးယား လက်ရွေးစင် အသင်းက ဝေလအား (၆-၁)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် ဂါရတ်သ်ဘေးလ်အား အကောင်းဆုံး ရင်ဆိုင် ကစားပြီးနောက် ကိုလာရော့ဗ်သည် ရီးယဲလ်၏ ပေါ်တူဂီ တိုက်စစ်မှူးနှင့် အားပြိုင်ရန် အသင့်ဖြစ်နေသည်။ လာဇီယို အသင်း၏ ကစားသမားဟောင်း ကိုလာရော့ဗ်က ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်အဖြစ် ဘာနေဗျူးတွင် ရော်နယ်လ်ဒိုနှင့် အားပြိုင်ရမည့် အခြေအနေ အတွက် စောင့်မျှော်နေပြီး ဘေးလ်ကဲ့သို့ပင် ထိန်းချုပ် သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဝေလအား(၆-၁)ဖြင့် အနိုင်ရသည့် ပွဲတွင် အောင်ပွဲခံနေသည့် ကိုလာရော့ဗ်

"ဘေးလ်အကြောင်းကို ပရီးမီးယား လိဂ်မှာ ကျွန်တော် သိပြီးသားပါ။ သူက လူတော်မှန်း သဘောပေါက်ပါတယ်။ ဆာဘီးယားဘက်ကို အရမ်းကောင်းတဲ့ Free Kick ဂိုးတစ်ဂိုး သူက သွင်းပြ သွားသေးတယ်။ ရော်နယ်လ်ဒိုကတော့ တစ်မျိုး ကွဲပြားတဲ့သူပါ။ သူက သိပ်ကို တော်လွန်းတယ်။ လီယွန်နယ် မက်ဆီလို ကမ္ဘာ့အကောင်းဆုံး အဆင့်မျိုး ရှိနေတဲ့ ကစားသမားလေ။ သူလို လူမျိုးနဲ့ ရင်ဆိုင်ရတာဟာ ကျွန်တော်တို့ အတွက် ခက်ထန်ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုလို့ ပြောရလိမ့်မယ်" ဟု ကိုလာရော့ဗ်က မှတ်ချက်ပြုခဲ့သည်။

ရော်နယ်လ်ဒိုကတော့ တစ်မျိုး ကွဲပြားတဲ့သူပါ။ သူက သိပ်ကို တော်လွန်းတယ်။ လီယွန်နယ် မက်ဆီလို ကမ္ဘာ့အကောင်းဆုံး အဆင့်မျိုး ရှိနေတဲ့ ကစားသမားလေ...
၎င်းက ဆက်လက်၍ "ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ တစ်သင်းလုံး ယုံကြည်မှု အပြည့်အဝ ရှိနေပြီးသားပါ။ ကျွန်တော်တို့ဟာ အင်္ဂလန်ရဲ့ ချန်ပီယံတွေ ဖြစ်ပါတယ်။ ရီးယဲလ် အနေနဲ့ ကျွန်တော်တို့ကြောင့် ခက်ခဲတဲ့ ညတစ်ညကို ရင်ဆိုင်ရမှာ သေချာပါတယ်" ဟုလည်း ပြောကြားသွားသည်။
Ref: The Sun

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )