22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 12, 2012

ရခိုင်တစ်ဦး ဘင်္ဂလီကုလားတွေရဲ့ လည်ပင်းလှီးသက်ဖြတ်ခံကိုခံရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့်
 လေးမိုင်ကျော်လောက်ဝေးသည့် သရက်
အုပ်ကျေးရွာသား တဦးသည် ကျောက်
တော်မြို့မှ ငွေထုတ်၍အပြန် လမ်းခုလတ်
တွင်ဘင်္ဂလီလူအုပ်စုထံ လည်လှီး

အသတ်ခံရ သည်ဟု ရွှေမြန်မာမီဒီယာမှ သတင်းရရှိသည်။

သေဆုံးသူမှာ သရက်အုပ်ရွာမှ ဦးကျော်မောင်ချေ အသက် (၆၃)နှစ်ဖြစ်ပြီး ၄င်းပုဂ္ဂိုလ်တွင် သားသ မီး၇ ယောက်ကျန်ရစ်ခဲ့သည်ဟု သူကပြောသည်။



“စက်တင်ဘာ ၁၁ရက်နေ့ ညနေ ၅နာရီလောက်မှာ လည်လှီးအသတ်ခံရ တာဖြစ်ပါတယ်။
အလောင်း ကိုတော့ သရက်အုပ်နဲ့ ၁မိုင်လောက်မှာ တွေ့တယ်လို့ သိရပါတယ်”

၎င်းအပြင်သူက ဖြစ်ပုံနှင့် ပတ်သက်ပြီး “ရွာသားတွေက စပါးခင်းမှာ သွေးစက်တွေ့တယ်။ သွေးစက် အတိုင်းလိုက် ရှာတော့ စပါးခင်းနဲ့ လေးငါးပြန်လောက်မှာ လည်လှီးသတ်ဖြတ်ခံထားရတဲ့ အလောင်း ကိုတွေ့တာပါ။

 ပြီးမှ ရဲကိုအကြောင်း ချက်ချင်းကြားပြီး လူသတ်မှုမှာ ပါဝင်သည်ဟုယူဆရတဲ့ ဘင်္ဂလီ ၂ဦးကိုလည်း ဖမ်းမိပါတယ်” ဟု ကျောက်တော် မြို့သစ်ရပ်ကွက်မှ ရခိုင်အမျိုးသားတဦးက ရွှေမြန်မာမီဒီယာ
 သို့ပြောသည်။



သူသည် ကျောက်တော်မြို့သို့ မလေးရှားနိုင်ငံနေ သားဆီကပို့ပေး သောငွေကိုထုတ်ယူပြီး အပြန်တွင်
ယခုလို လည်လှီးသတ်ဖြတ်ပြီး ဘင်္ဂလီလူအုပ်စုက အကောင်ဖျောက်ရန် ကြိုးစားခြင်း
 ဖြစ်သည်ဟုဆို သည်။



“ဒီဘင်္ဂလီလူအုပ်စုက အဲဒီလူကငွေကိုယူ လူကိုသတ်ပြီး အကောင်ဖျောက်ဖို့ ကြိုးစားကြတာ
ဖြစ်ပါ တယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ပုံက မသေသတ်တော့ ခုလိုဖမ်းတွေ့တာ ဖြစ်ပါတယ်
” ဟုပြောသည်။

ယခုအခါ ကျောက်တော်မြို့နယ် ဆေးရုံတွင် ၄င်းအလောင်းအား စစ်ဆေးမှုများပြု နေပြီး အခင်းဖြစ် ပွားသည့် နေရာမှ မသင်္ကာသူ ဘင်္ဂလီ ၂ဦးအား ရဲကဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေ
သည်ဟု ဆိုသည်။


 ရွှေမြန်မာမီဒီယာသတင်းထောက်မှပို့  ပေးသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )