22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 12, 2012

""မန္တလေးရှိ ချိုချဉ်စက်ရုံတစ်ခုမှ အလုပ်သမများ ဆန္ဒပြ""

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ချိုချဉ်
စက်ရုံတစ်ခုတွင် လုပ်သားအချို့ ယနေ့ 
(စက်တင်ဘာ ၁၂ ရက်) နံနက် ၅ နာရီမှ
 စတင်၍ အခွင့်အရေးများကို 

ဆန္ဒပြတောင်းဆိုနေကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းနှင့် ၅၉ လမ်းထောင့် မြောက်ဘက်ရှိ ငှက်နှစ်ကောင်

 ချိုချဉ်စက်ရုံမှ အလုပ်သမား အမျိုးသမီး ၇၀ ခန့်သည် ယင်းစက်ရုံအတွင်း ငြိမ်သက်
စွာ ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။ 
လုပ်အားခတိုးမြှင့်ပေးရန်၊ အလုပ်သမားများ၏ တရားဝင် ရပိုင်ခွင့်များ ရရှိရန်၊ တစ်ရက် ၈ နာရီသာ 
ခိုင်းစေရန်၊ ညဆိုင်းအလုပ်သမား အမျိုးသမီးများ ညလုံခြုံရေးအတွက် စက်ရုံမှ ကြိုပို့စီစဉ်ပေးရန်၊
 နိုင်ငံတော်မှ သတ်မှတ်ထားသော အလုပ်ပိတ်ရက်အတိုင်း ပိတ်ပေးရန်၊ စက်ရုံမှ သတ်မှတ်ထားသော စည်းကမ်းများ၊
 ဒဏ်ကြေးများကို ပယ်ဖျက်၍ အလုပ်သမားဝန်ကြီးဌာန၏ ဥပဒေအတိုင်း သတ်မှတ်ပေးရန်၊ စက်ရုံအလုပ်သမားများကို တရားဝင် အလုပ်သမား လေဘာကတ်နှင့် လူမှုဖူလုံရေးကတ်များ
 ပြုလုပ်ပေးရန်၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်တစ်စုံတစ်ရာကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် အလုပ်ရှင်အနေဖြင့် ဥပဒေအတိုင်း အပြည့်အ၀ တာဝန်ယူပေးရန်၊ အခွင့်အရေး တောင်းဆိုကြသည့် အလုပ်သမားများကို အလုပ်ထုတ်ခြင်း၊ 
ဌာနပြောင်းရွှေ့ခြင်းများ မပြုလုပ်ရန် အစရှိသည့် အချက်များအပါအ၀င် တောင်းဆိုချက် ၁၂ ချက်ကို တောင်းဆိုနေကြသည်။ အထက်ပါအချက်များ ပြေလည်စွာ ညှိနှိုင်းမပေးမချင်း ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒပြတောင်းဆိုနေသည့် စက်ရုံဝန်ထမ်းအမျိုးသမီးများက ပြောသည်။

ဆန္ဒပြသည့် ငှက်နှစ်ကောင်ချိုချဉ်စက်ရုံပိုင်ရှင် ကိုသိန်းအောင်က "လစာတိုးပေးဖို့ကိစ္စ မနေ့က ညှိနေပါသေးတယ်။ ခုမနက်ကျမှ ဖြစ်သွားတာပါ။ ညှိနှိုင်းပေးမှာပါ"ဟု ပြောသည်။ 
ဆန္ဒဖော်ထုတ်ရာသို့ မြို့နယ်တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိနေပြီး 
ယင်းစက်ရုံတွင် အလုပ်သမား တစ်ရာကျော်ရှိပြီး အမျိုးသမီးများဖြစ်ကြောင်း ယင်းစက်ရုံပိုင်ရှင် ကိုသိန်းအောင်ကပြောသည်။
7 day news
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )