22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 12, 2012

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန် သို့ သမိုင်းဝင်ခရီး သွားရောက်မည်

နိုင်ငံတော် သမ္မတ ဦးသိန်စိန်နှင့်
 ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန်
 ပြည်ထောင်စုသို့ သမိုင်းဝင်ခရီး သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်
 သမ္မတရုံးနှင့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ထံမှ စုံစမ်း သိရသည်။



စက်တင်ဘာလ ၂၀ ရက်နေ့ မှာ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံအမီ သွား ရောက်ပါမယ်။ သုံးရက်လောက် ကြာပါမယ်။ အသေးစိတ်ထုတ်ပြန် ပေးဖို့လည်း ရှိပါတယ်”ဟု နိုင်ငံ တော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

အမေရိကန် ပြည်ထောင်စု ဘက်မှ ဒုလက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ် တို့က သမ္မတကြီး၏ အမေရိကန် ခရီးစဉ်အတွက် လိုအပ်သောကိစ္စ ရပ်များကို မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာနနှင့် တိုင်ပင်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ စုံစမ်းသိ ရသည်။

“သမ္မတကိုလည်း သံတမန် တွေ သွားလို့မရတာကို သွားလို့ ရအောင် အမေရိကန်ပြည်ထောင်စု က ဖွင့်ပေးခဲ့တယ်။ သမ္မတကြီးအနေနဲ့ လည်းမြန်မာပြည်အကြောင်း ကို နိုင်ငံတကာကိုရှင်းပြခွင့်ရမယ်။ သူ့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက် ကိုလည်း ရှင်းပြခွင့်ရမယ်။ သူ့ဂုဏ် သိက္ခာတွေလည်း မြင့်လာမယ်။ ကောင်းတဲ့ရလဒ်တွေ ဖြစ်လာလိမ့် မယ်လို့မျှော်လင့်ပါတယ်”ဟုမြန်မာ့ နိုင်ငံရေးလေ့လာသူ ဦးလှမောင်ရွှေ က ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်သည်လည်း အမေရိကန် ပြည်ထောင်စု၊
ကွန်က ရက်လွှတ်တော်၏အမြင့်မားဆုံးဆု ဖြစ်သော Congressional Golden Award ကို
သွားရောက်လက်ခံယူ မည်ဖြစ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရသည်။

“စက်တင်ဘာလ ၁၆ ရက်နေ့ မြန်မာပြည်က ထွက်မယ်။ အောက် တိုဘာလ ၅ ရက်နေ့ မြန်မာနိုင်ငံ ကို ပြန်ရောက်မယ်။ ဒီထက်ပိုပြီးတော့ အသေးစိတ်ကတော့ မပြော နိုင်သေးဘူး”ဟုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့မှာ အမေရိ ကန်ပြည်ထောင်စုသို့ သွားရောက် ချိန် တိုက်ဆိုင်နေသောကြောင့် အမေရိကန်ပြည်ထောင်စု၌ ဆုံတွေ့ နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး အကဲ ခတ်များက ပြောသည်။

 ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များကြောင့် အမေရိကန်ပြည်ထောင် စု၌ကျင်းပမည့် ကုလသမဂ္ဂအထွေ ထွေညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသော သမ္မတ
ဦးသိန်းစိန်အတွက် အမေရိကန် အစိုးရကပြည်ဝင်ခွင့်ဗီဇာကန့်သတ် ချက်အချို့ လျှော့ချပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးမှ သိရသည်။

“သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းအား ဖြင့် ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ထပ်မံဖိအားပေး နိုင်ဖို့ ယုံကြည်မှုတည်ဆောက်နိုင် တယ်။ ပြီးတော့ ဒီမိုကရေစီနဲ့ အမေ ရိကန်မူဝါဒတွေအပေါ် ကောင်း ကောင်းနားလည်နိုင်မယ့် အရေးပါ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖိတ် ခေါ်ပါတယ်”ဟု အိမ်ဖြူတော် ပြော ရေးဆိုခွင့်ရှိသူ Caitlin Hayden က ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံတကာမှ ဒီမိုကရေစီခေါင်း ဆောင်ဟု သတ်မှတ်သော ဒေါ် အောင်ဆန်းစုကြည်သည် သူမ၏ အမေရိကန်ခရီးစဉ်အတွင်း ဝါရှင် တန်အခြေစိုက် NED ဖောင်ဒေးရှင်း က ဒီမိုကရေစီဆုရရှိသည့် ကိုမင်းကို နိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ(ရုပ်ရှင်သရုပ်ဆောင်)၊ ဒေါက်တာ စင်သီယာမောင်၊
 ဦးအောင်ခန့် စသည့် နိုင်ငံရေး၊ လူမှုရေးခေါင်း ဆောင် မြန်မာနိုင်ငံသား ငါးဦးကို ပေးအပ်မည့်
ဆုပေးပွဲကို တက် ရောက် မိန့်ခွန်းပြောကြားမည်ဟု အင်တာနက်သတင်းများအရ သိရ သည်။

“ဒေါ်အောင်ဆန်းစုကြည် ဒီမို ကရေစီနိုင်ငံ အမေရိကန်ပြည် ထောင်စုကိုသွားတာဟာပြည်တွင်း က အတိုက်အခံခေါင်းဆောင်ဟာ လွတ်လွတ်လပ်လပ်သွားလို့ ရတာ ကို ပြတာ။

 တိုင်းပြည်ရဲ့ ပေါ်လစီ ဘယ်လောက်ပြောင်းသွားတယ်ဆို တာ ပေါ်လွင်တယ်။ သူမကိုယ်တိုင်လည်း လွှတ်တော်ထဲမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေတယ်။ အမေရိကန်မှာရှိနေတဲ့ မြန်မာတွေနဲ့ အမေရိကန် ဆီနိတ်တာတွေကို လည်းSanction ကိစ္စနဲ့ပတ်သက် ပြီး ရှင်းပြနိုင်လိမ့်မယ်လို့မြင်တယ်” ဟု ဦးလှမောင်ရွှေက သုံးသပ်ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အခြေစိုက်မြန်မာ့အရေး လှုပ်ရှားသူ မြန်မာမိသားစုဝင်များ က တွေ့ဆုံနိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်းလည်းအင်တာနက်သတင်း များအရသိရသည်။

Venus News
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )