အာဆင်နယ် အသင်းသည် မန်နေဂျာ အာစင်ဝင်းဂါး၏ စာချုပ်ကို သက်တမ်းတိုးရန် အသင့် ရှိနေပြီဟု သတင်းများက ဖော်ပြခဲ့သည်။
ပြင်သစ်သား မန်နေဂျာကြီး၏ အမ်းမရိတ်စ်တွင် ဆက်ရှိနေရေး စာချုပ်သည် (၂၀၁၄)ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ဝင်းဂါးသည် အာဆင်နယ်ကို နှစ်ပေါင်းများစွာ ဆုဖလားများ ရရှိအောင် မစွမ်းဆောင်ပေး နိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် ဆက်တိုက် ကစားခွင့်ကို ဆယ်စုနှစ် တစ်ခုခွဲစာမျှ ရရှိစေခဲ့သည်။ အာဆင်နယ် အမှုဆောင်ချုပ် အိုင်ဗန် ဂါဇီဒစ်က အသက်(၆၂)နှစ် အရွယ်ရှိ ဝင်းဂါးသည် အာဆင်နယ်၏ အငြင်းပွားဖွယ်မရှိ မန်နေဂျာ အဖြစ် ထိုက်တန်ဆဲဟု ထောက်ခံသွားသည်။
အာဆင်နယ်နှင့် သက်တမ်းတိုးရန် ရှိသည့် ၀င်းဂါး
ဂါဇီဒစ်က "ဝင်းဂါးကို စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။ ဒါဟာ သူ့အတွက် ချီးမြှောက်တာ၊ ဆုချတာ တစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ဘက်က ဝင်းဂါးကို ပြသလိုက်တဲ့ ယုံကြည်မှုပါ။ သူဟာ အာဆင်နယ် အတွက် မယုံနိုင်စရာ ကောင်းလောက်အောင် ထူးချွန်တဲ့၊ အကောင်းဆုံး လူပုဂ္ဂိုလ် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ခုထိလည်း ကျွန်တော်တို့ဟာ သူနဲ့အတူ ရှေ့ဆက်ဖို့ အမြဲတမ်း အပြည့်အဝ ယုံကြည်မှု ရှိနေဆဲပါပဲ" ဟု The Sun သတင်းစာသို့ ပြောကြားသွားသည်။
ဒါဟာ သူ့အတွက် ချီးမြှောက်တာ၊ ဆုချတာ တစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ဘက်က ဝင်းဂါးကို ပြသလိုက်တဲ့ ယုံကြည်မှုပါ...
Ref: The Sun
11:31 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com