22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, September 13, 2012

"မွတ်ဆလင် ဆန့်ကျင်ရေး စာရွက်စာတန်း ဖြန့်သူ သံတွဲမှ ကျောင်းသားသုံးဦး အာမခံရ"


ရခိုင်ပြည်နယ် သံတွဲမြို့တွင် မူဆလင်
ဆန့်ကျင်ရေး စာရွက်စာတမ်းဖြန့်ဝေမူ
စွပ်စွဲ ချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော
 ကျောင်းသား သုံးဦး အာမခံရရှိခဲ့သည်ဟု
သိရသည်။


“ ‘ဒီလ ၄ ရက်နေ့က အာမခံရတယ်။ အပြင်ကို ရောက်လာတယ်။ မနက်ဖြန်မှာလည်း
ထပ် ရုံးချိန်း ရှိပါတယ်” ဟု ကိုထွန်းဖေက နိရဉ္စရာသို့ ပြောသည်။

ကိုထွန်းဖေသည် အာမခံရထားသူ ကျောင်းသား(၃)ဦးထဲမှကိုညီမင်းခန့်၏ ယောက်ဖ
 တော်စပ်သူ  ဖြစ်သည်။

“ သက်သေတွေက အားလုံးစစ်ပြီးပြီ၊ ကောင်လေးတွေဘဲကျန်တော့တယ်။
 လောလောဆယ် ကောင်လေး တွေက အပြင်ရောက်နေပြီ။ မနက်ဖြန် ထပ်ပြီးတော့
 ရုံးချိန်းပါတယ်”ဟု သူက ထပ်ပြောသည်။

ယခုအခါ ရဲမှ ထည့်ထားသော သက်သေ ထွက်ဆိုချက်မှာ ကောင်းမွန်သည့်အတွက် ကျောင်းသား သုံးဦးစလုံးမှာ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်သည်ဟုလည်း သူကပြောသည်။

“ အခြေအနေကတော့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားသူကြီး ဦးခင်မောင်သောင်းက လည်း ကျောင်းသားတွေဆိုတော့ တစ်ကြိမ် တစ်ခါ ဖြစ်တဲ့ အတွက် သက်သက်ညာညာ
လုပ်ပေးမယ်လို့ ထင်ပါတယ်။

ရဲက သက်သေ ထည့်ထားတဲ့ သူတွေရဲ့ ထွက်ဆိုချက်က ကောင်းပါတယ်။
မကြာခင်တော့ လွတ်မြောက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်” ဟု ဆိုသည်။

သူတို့ ကျောင်းသားသုံးဦးကို  သြဂတ်စ် လ ၁၄ ရက်နေ့နှင့် ၂၄ ရက်နေ့က တစ်
 ကြိမ်ကျစီ  ရုံးထုတ် ခဲ့ပြီး တရားလို သက်သေများကို စစ်ဆေးပြီးနောက်ပိုင်း
 စက်တင်္ဘာလ ၄ ရက်နေ့တွင် အာမခံဖြင့် ပြန်လည်လွှတ် ပေးခဲ့သည်။

ယခု အာမခံဖြင့် ပြန်လည် လွတ်မြောက်လာသူ ကျောင်းသား သုံးဦးမှာ သံတွဲမြို့ ဗောဓိကုန်း
ရပ်ကွက်မှ ဦးဘ သိန်း၏ သား ညီမင်းခန့်  (အသက် ၂၀)-  ( စစ်တွေအဝေးသင် မြန်မာစာ ပထမနှစ်)၊  သံတွဲ မြို့ သရက်ပင်ကွင်း ရွာမှ အဘ ဦးအောင်ထွန်းကြည်၏သား နိုင်ရဲဦး (စစ်တွေ အဝေးသင်သမိုင်း ပထမနှစ်) နှင့် သံတွဲမြို့ ကြေးနန်း ရုံးမှ ဦးမင်းဇော်၏သား ၁၀ တန်းကျောင်းသား ခိုင်ဇော်ဆန်း (အသက် ၁၇ နှစ်)တို့ ဖြစ်ကြသည်။

သူတို့ (၃) ဦးကို မွတ်ဆလင်များမှ ထုတ်သည်ဟု အများက ယုံကြည်နေသည့် မွတ်ဆလင်များ
အနေဖြင့်  မြန် မာ အမျိုးသမီးများကို နှလုံးသားရေးအရ သော်၎င်း၊ စီးပွားရေး အရသော်၎င်း၊
 မြန်မာ အမျိုးသမီးတွေကို ထိမ်း မြှားယူရမည်။

လက်ထပ်နိုင်ပါက တစ်ဦးကို ငွေကြေး ထောက်ပံ့မည်- ဆိုသည့် အကြောင်းအရာပါ လက်ကမ်း စာရွက်များကို ဖြန့်ဝေမူ၊ လက်ဝယ် သိမ်းဆည်းထားမူတို့ဖြင့်  ဇူလိုင်လ ၁၆ ရက်နေ့
က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီး ပြန်လည်လွှတ်ပေးခဲ့သော်လည်း အထက် အမိန့်အရ  နောက်ထပ်  ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြန်လည် ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် ရဲက  အမှုဖွင့်
တရားစွဲဆိုခဲ့သည်။

အဆိုပါ အမှုကို တရားလိုအဖြစ် သံတွဲမြို့နယ်  မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသောင်းလေးက
တရားမ၀င် စာရွက်စာ တမ်း ဖြန့်ဝေမူ ပုဒ်မ ၅၀၅(ခ)တပ်ပြီး တရားလို လုပ်ကာ
တရားစွဲဆိုခြင်း ဖြစ်သည်။

နိရဉ္စရာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )