22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 7, 2012

လီဗာပူးလ်၏ လက်ရှိ ရလဒ်များကြောင့် တုန်လှုပ် နေစရာ မလိုဟု ဂျရတ် မှတ်ချက်ပြု

လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က အသင်း၏ ရာသီအစ ရလဒ်များ ဆိုးရွား ယိမ်းယိုင် နေသော်လည်း တုန်လှုပ် နာကျင်နေခြင်း မရှိဟု ပြောကြားလိုက်သည်။

လီဗာပူးလ်သည် အိမ်ကွင်းတွင် အာဆင်နယ်ကို (၂-၀)ဖြင့် အရေး နိမ့်ခဲ့ပြီးနောက် စုစုပေါင်း (၃)ပွဲတွင် (၁)မှတ်သာ ရသေးပြီး နှစ်ပေါင်း(၅၀)အတွင်း အဆိုးရွားဆုံး ရာသီအစ ရလဒ်များနှင့် တွေ့ကြုံနေရသည်။ ထို့အပြင် အသင်းပိုင်ရှင် ဂျွန်ဟင်နရီက အသင်း၏ တိုက်စစ်မှူး အရေအတွက် ခေါင်းပါးနေမှုကို ကူညီ ဖြည့်တင်းရန် လိုလိုလားလား ထောက်ခံခြင်း မရှိသည့် အခြေအနေကလည်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာ ဦးဆောင်နေသော အသင်းကို ပိုမို ရုန်းကန်ရရန် ဖိအား တိုးပွား လာစေခဲ့သည်။


သို့သော်လည်း ဂျရတ်က လက်ရှိတွင် အမှတ်ပေး ဇယား အောက်ဆုံးနား၌ ရပ်တည်နေသည့် အသင်းအတွက် မစိုးရိမ်ကြောင်း ပြောဆိုသွားသည်။ "ကိုယ်က ပွဲစဉ်တွေ ကစားပြီး မနိုင်တဲ့အခါ အခြေအနေက ခက်ခဲလာတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အတွေ့အကြုံ အရ ပြောရရင် (၃)ပွဲလောက် ရလဒ် မလှပတာနဲ့ တုန်လှုပ်နေစရာ အကြောင်း မရှိပါဘူး။ မန်ချက်စတာ စီးတီးနဲ့ ပွဲတုန်းက ကျွန်တော်တို့ ကစားတာ အကောင်းဆုံး အနေအထားမှာ ရှိခဲ့ပြီး နိုင်ပါ နိုင်ခဲ့သင့်ပါတယ်။ အာဆင်နယ်နဲ့ ပွဲကျတော့ ပြောင်းပြန်ဖြစ်သွားတယ်။ လတ်တလောက ခက်ခဲတဲ့ သီတင်းပတ်တွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ တုန်လှုပ်နေရမယ့် အချိန် မဟုတ်ဘူးလေ။ ကျွန်တော်တို့ အကောင်းဆုံး ရှေ့ဆက်နိုင်ပါသေးတယ်" ဟု ဂျရတ်က သုံးသပ်သွားသည်။
ကိုယ်က ပွဲစဉ်တွေ ကစားပြီး မနိုင်တဲ့အခါ အခြေအနေက ခက်ခဲလာတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အတွေ့အကြုံ အရ ပြောရရင် (၃)ပွဲလောက် ရလဒ် မလှပတာနဲ့ တုန်လှုပ်နေစရာ အကြောင်း မရှိပါဘူး...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )