22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 7, 2012

အသင်း တစ်သင်း၏ သမိုင်းကြောင်းကို ဝယ်ယူ၍ မရဟု မော်ရင်ဟို ပြောကြား

ဟိုဆေးမော်ရင်ဟိုက UEFA ၏ ဘဏ္ဍာရေး ထိန်းချုပ်မှု စည်းမျဉ်းများကို ထောက်ခံလိုက်ပြီး ငွေကြေး အလွန်အကျွံ သုံးစွဲနေသော အသင်းများအား သမိုင်းကြောင်းကို ဝယ်ယူ၍ မရနိုင်ကြောင်း သတိပေး ပြောဆိုလိုက်သည်။

ပေါ်တူဂီသား နည်းပြကြီးက အသင်းများ၏ ဝင်ငွေနှင့် ထွက်ငွေ မမျှတသော အပြောင်းအရွှေ့ အသုံးစရိတ် ပုံအော အသုံး ချနေမှုများကို တားမြစ်ပိတ်ပင်မည့် UEFA ၏ အစီအစဉ်သည် လျော်ကန် သင့်မြတ်ကြောင်း ထောက်ခံ အားပေးခဲ့သည်။ မော်ရင်ဟိုက ရီးယဲလ်နှင့် ဥရောပ၏ ထိပ်သီး ကလပ် အသင်းများသည် အောင်မြင်မှု ကိုယ်ပိုင် အမွေအနှစ်များကို အချိန်ယူ တည်ဆောက် လာရခြင်းဟု ထောက်ပြခဲ့သည်။ ၎င်းက UEFA၏ စံနှုန်း သတ်မှတ်ချက်များ ထွက်ပေါ် လာချိန်တွင် မိမိ၏ ကလပ် အသင်းကို အဆိုးဘက်မှ သက်ရောက်မှု ရှိမည် မဟုတ်ဟုလည်း ဆိုသည်။
သမိုင်းကြောင်းကို ငွေနဲ့ ၀ယ်လို့မရဘူးဆိုသည့် မော်ရင်ဟို

"ရီးယဲလ်အပြင် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ အားလုံးဟာ သီးခြား အောင်မြင်မှု သမိုင်းကြောင်းတွေ ရှိခဲ့တဲ့ ကလပ်တွေပါ။ အဲဒီလို သမိုင်းကြောင်းမျိုးကို ဘယ်သူမှ ငွေနဲ့ ဝယ်လို့ မရဘူးလေ။ ဆုဖလားတွေ၊ ဥရောပ ချန်ပီယံဘွဲ့တွေ၊ သမိုင်းကြောင်းတွေ၊ ပရိသတ် အင်အားစုတွေဆိုတာက ငွေသုံးပြီး ပိုင်ဆိုင်လာနိုင်မယ့် အရင်းအမြစ်တွေ မဟုတ်ဘူး။ ကမ္ဘာပေါ်က အကောင်းဆုံး ဆိုတဲ့ ကစားသမားတွေတောင် အဲဒီလို အသင်းတွေကို သွားချင်ကြပါတယ်။ ကျွန်တော်ပြောတဲ့ သုံးသင်းအပြင် အဲဒီလိုမျိုး ဆုဖလားတွေ အများကြီး ရခဲ့ဖူးတဲ့ သမိုင်းကြောင်း ခမ်းနားတဲ့ နောက်ထပ် အသင်းက နည်းနည်းပဲ ရှိပါတော့တယ်" ဟု  မော်ရင်ဟိုက ပြောကြားခဲ့သည်။


၎င်းက ဆက်လက်၍ "အဲဒီ သမိုင်းကြောင်း တည်ဆောက်မှုတွေဟာ ကစားသမားတွေအတွက် အရေးပါတဲ့ ညွှန်ကိန်းတစ်ခု ဖြစ်နေဆဲပါပဲ။ ဘဏ္ဍာရေး Fair Play စည်းမျဉ်းတွေက မကြာခင် လာပါတော့မယ်။ ငွေကြေး တစ်ခုတည်းကို အလွန်အကျွံ အားပြုထားတဲ့ အသင်းတွေ အတွက်ကတော့ ခက်ခဲမှုတွေ ရှိလာမှာပါ။ ဒါပေမဲ့ ရီးယဲလ်ကတော့ အဆင်ပြေပါတယ်။ စည်းမျဉ်းသစ်နဲ့ အကျုံးဝင် အဆင်ပြေစေမယ့် အခြေခံ အဆောက်အအုံတွေ ရီးယဲလ်မှာ ရှိနှင့်ပြီးသားပါ။ ခြုံပြီး ပြောရရင်တော့ ဘဏ္ဍာရေး Fair Play အစီအစဉ်ဟာ ဘောလုံးလောကကို ကောင်းကျိုးပြုပါလိမ့်မယ်" ဟုလည်း မှတ်ချက်ပြု သွားခဲ့သည်။
Ref: Scotsman

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )