အသင်း၏ အပြောင်းအရွှေ့ မူဝါဒများကို ပြစ်တင် ဝေဖန် ခဲ့သော်လည်း ဘာကလေ ဆက်ဂ်ညာ အနေဖြင့် အသင်းတွင် ဆက်နေဖြစ်မည်ဟု အာဆင်နယ်က မျှော်လင့်လျှက် ရှိနေသည်။
ပြင်သစ် လက်ရွေးစင် ညာနောက်ခံလူ နွေရာသီ ဈေးကွက်အတွင်း အာဆင်နယ်က ရော်ဘင်ဗန်ပါစီနှင့် အဲလက်စ်ဆောင်း တို့အား ရောင်းထုတ်ခဲ့ခြင်း အပေါ် ပြင်းပြင်းထန်ထန် ဝေဖန် ထားခဲ့သည်။ ခြေထောက်ကျိုး ဒဏ်ရာကြောင့် မေလကတည်းက အနား ယူနေရသည့် ဆက်ဂ်ညာက "ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမားနှစ်ယောက် အသင်းကနေ ထွက်သွားတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုပါတယ်။ လမ်းမှာ ကျွန်တော့်ကိုတွေ့ရင် ပရိသတ်တွေက အဲဒီအကြောင်း လာပြောတယ်။ ကျွန်တော် သူတို့ စိတ်ပျက်နေတာကို ခံစားပေးလို့ ရပါတယ်။ သူတို့လိုပဲ ကျွန်တော်လည်း ဘာကိုမှ အလုံးစုံ နားမလည်နိုင်ဘူး။ ဗန်ပါစီ အသင်းက ထွက်မယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒါပေမဲ့ ဆောင်းကျတော့ ဘယ်လိုဖြစ်ရတာလဲ" ဟု ပြောကြားခဲ့သည်။
အပြောင်းအရွှေ့ မူဝါဒကို ဝေဖန်ခဲ့သည့် ဆက်ဂ်ညာ
၎င်းက ဆက်လက်၍ "ဆောင်းဟာ အသက်(၂၄)နှစ်ပဲ ရှိသေးတယ်။ အသင်းမှာ စာချုပ်သက်တမ်း (၃)နှစ် ကျန်သေးတယ်။ ကျွန်တော် ခုထိ နားမလည်နိုင်ဘူး။ ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှုပါ"ဟုလည်း ဆိုသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးကမူ ဆက်ဂ်ညာသည် အသင်းအပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်တိုင် အာဆင်နယ်တွင် သက်တမ်းတိုးကာ ဆက်ကစားဖြစ်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။ ဆောင်းသည် အာဆင်နယ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၆၀၀၀၀) ရရှိနေပြီး ယင်းထက် အတန်ငယ် ပိုမိုတိုးမြှင့်ပေးထားသော စာချုပ်သစ်မျိုး ကမ်းလှမ်း ခံရဖွယ် ရှိနေသည်။
လမ်းမှာ ကျွန်တော့်ကိုတွေ့ရင် ပရိသတ်တွေက အဲဒီအကြောင်း လာပြောတယ်။ ကျွန်တော် သူတို့ စိတ်ပျက်နေတာကို ခံစားပေးလို့ ရပါတယ်။ သူတို့လိုပဲ ကျွန်တော်လည်း ဘာကိုမှ အလုံးစုံ နားမလည်နိုင်ဘူး...
အာဆင်နယ်နှင့် ဆုဖလား တစ်လုံးမျှ ကိုင်မြှောက်ခွင့် မရသေးသည့် ဆက်ဂ်ညာက "ကျွန်တော် (၂၀၀၇)ခုနှစ် ကတည်းက အသင်းအတွက် ကစားပေး လာပါတယ်။ မေလတုန်းက ကျွန်တော် မန်ချက်စတာ စီးတီးရဲ့ အောင်ပွဲခံ လှည့်လည်ပွဲကို TVကနေ ကြည့်ခွင့်ရခဲ့တယ်။ ဆမ်မီနာဆရီနဲ့ ဂေးလ်ကလစ်ချီတို့ ဆုဖလားကြီး ကိုင်မြှောက်နေတာ မြင်ရတော့ ကျွန်တော်လည်း အဲဒီလို ဖြစ်ချင်ခဲ့ပါတယ်" ဟု ဖွင့်ဟ သွားခဲ့သည်။
Ref: Daily Mail
11:47 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com