လီဗာပူးလ်သည် အန်ဒီကာရိုးလ်ကို ဝက်စ်ဟမ်း ယူနိုက်တက်ထံ အငှား ချခဲ့ပြီးနောက် ယင်းနေရာကို လူသစ်ပြန်လည် ဖြည့်တင်းနိုင်မှု မရှိခဲ့သည့် အတွက် အသင်းတွင် ဒေါင်ဒေါင်မြည် အထောင် တိုက်စစ်မှူးဟူ၍ လူးဝစ်ဆွာရက်ဇ် တစ်ဦးတည်းသာ ရှိနေတော့သည်။ အင်္ဂါနေ့တွင် လီဗာပူးလ် အနေဖြင့် ပရီးမီးယားလိဂ် အတွက် တရားဝင် (၂၅)ဦး စာရင်းကို ကြေညာရမည် ဖြစ်သော်လည်း ၎င်းတို့၏ တစ်ချိန်က လျှမ်းလျှမ်းတောက် တိုက်စစ်မှူးဟောင်းအား စာချုပ်ရန် တုံ့ဆိုင်း နေဆဲဟု သိရှိရသည်။
အိုဝင်သည် လီဗာပူးလ် အသင်း၏ ခါးသီးလှသည့် အစဉ်အလာ ပြိုင်ဘက်ကြီး မန်ချက်စတာ ယူနိုက်တက်နှင့် စာချုပ် ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသည်။ လက်ရှိတွင် အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းပြီ ဖြစ်သော်လည်း ပရီးမီးယားလိဂ် တရားဝင် လူစာရင်း မတင်သွင်းမီ ကလပ်လက်မဲ့ ကစားသမားများကို ခေါ်ယူ စာချုပ်ခွင့် ရှိနေရာ အသက်(၃၂)နှစ်ရှိ ကစားသမား အနေဖြင့် အန်းဖီးလ်သို့ တစ်ကျော့ ပြန်လာနိုင်ကြောင်း သတင်းများက ဖော်ပြလျှက် ရှိနေသည်။
အင်္ဂါနေ့တွင် လီဗာပူးလ် အနေဖြင့် ပရီးမီးယားလိဂ် အတွက် တရားဝင် (၂၅)ဦး စာရင်းကို ကြေညာရမည် ဖြစ်သော်လည်း ၎င်းတို့၏ တစ်ချိန်က လျှမ်းလျှမ်းတောက် တိုက်စစ်မှူးဟောင်းအား စာချုပ်ရန် တုံ့ဆိုင်း နေဆဲ...
အိုဝင်က "လောလောဆယ် ကလပ်တချို့နဲ့တော့ စကားပြောဖြစ်ပါတယ်။ ခုသီတင်းပတ် အစောပိုင်းမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်မယ် ထင်ပါတယ်" ဟု Twitterတွင် ရေးသားခဲ့သေးသည်။ ဆန်းဒါးလန်းနှင့် ဝက်စ်ဟမ်း ယူနိုက်တက် အသင်းများသည်လည်း အင်္ဂလန် လက်ရွေးစင်ဟောင်း အိုဝင်ကို ချိတ်ဆက်နေဆဲဟု သိရှိရသည်။
Ref: Daily Mial
11:46 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com