ဥရောပ စူပါဖလား ပြိုင်ပွဲတွင် ချယ်လ်ဆီးဘက်သို့ Hat-Trick သွင်းယူကာ ချေမှုန်း သွားခဲ့သည့် ကိုလံဘီယာ လက်ရွေးစင်အား ချယ်လ်ဆီးက အထူးတလည် စိတ်ဝင်စားနေကြောင်း သိရသည်။ အသက်(၂၆)နှစ်ရှိ ဖယ်လ်ကာအိုသည် ယခု ရာသီတွင် အက်သလက်တီကို အတွက် (၃)ပွဲသာ ကစားရသေးသော်လည်း (၆)ဂိုး သွင်းယူ ပေးထားကာ ကြောက်ခမန်းလိလိ ဂိုးသွင်းနှုန်းတစ်ရပ်ကို လက်တွေ့ပိုင်ဆိုင်ထားသည်။ ချယ်လ်ဆီးသည် နွေရာသီ ဈေးကွက်အတွင်း ထိပ်တန်းတိုက်စစ်မှူး တစ်ဦးကို ခေါ်ယူလိုသည့်ဆန္ဒ အထ မမြောက်ခဲ့သော်လည်း ယခုအခါတွင် ၎င်းတို့ မည်သူ့ကို ရွေးချယ်သင့်ကြောင်း တိတိကျကျ သိရှိလာဖွယ် ရှိနေသည်။
ချယ်လ်ဆီးမှ အလိုရှိနေသည့် ဖယ်လ်ကာအို
ပေါ်တိုအသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်သူ ဖယ်လ်ကာအို အတွက် အက်သလက်တီကိုက အနည်းဆုံး ပေါင်စတာလင် (၄၈)သန်းမျှ မျှော်လင့်နေနိုင်ပြီး ယင်းကို ချယ်လ်ဆီးကလည်း လိုလိုလားလား ပေးချေ လာနိုင်သည်။ ဖယ်လ်ကာအိုသည် လက်ရှိ ကမ္ဘာပေါ်တွင် အန္တရာယ် အကြီးမားဆုံး တိုက်စစ်မြားဦး ကစားသမား တစ်ဦး ဖြစ်နေပြီး ယမန်နှစ် ဘောလုံးရာသီက စပိန်လာလီဂါ၌ ၎င်းထက် ဂိုးပိုသွင်းနိုင်သူဟူ၍ လီယွန်နယ်လ် မက်ဆီနှင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့သာ ရှိခဲ့သည်။ ၎င်းသည် ချယ်လ်ဆီးနှင့် ကစားသည့် ဥရောပ စူပါဖလား ပွဲစဉ်တွင် (၃)ဂိုး သွင်းယူခြင်းဖြင့် ယင်းပြိုင်ပွဲတွင် (၃၅)နှစ်အတွင်း ပထမဆုံး Hat-Trickရှင် အဖြစ်ပါ မှတ်တမ်း တင်နိုင်ခဲ့သည်။
အသက်(၂၆)နှစ်ရှိ ဖယ်လ်ကာအိုသည် ယခု ရာသီတွင် အက်သလက်တီကို အတွက် (၃)ပွဲသာ ကစားရသေးသော်လည်း (၆)ဂိုး သွင်းယူ ပေးထား...
11:45 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com