22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, September 13, 2012

ဟေးလ်ဘရော့ ဖြစ်စဉ်ဆိုင်ရာ လေ့လာမှု မှတ်တမ်းများ ထွက်ပေါ်လာ

လီဗာပူးလ် အသင်း၏ သမိုင်းတွင် အမည်းစက် စွန်းထင်ခဲ့သည့် ဟေးလ်ဘရော့ ဖြစ်စဉ်ဆိုးကြီးနှင့် ပတ်သက်ပြီး ထိမ်ချန်ထားသည့် သတင်း အချက်အလက်များ ထွက်ပေါ်လာပြီ ဖြစ်သည်။

လူအုပ် ပြိုကျမှုကြီး အတွင်း လီဗာပူးလ် ပရိသတ် (၉၆)ဦး သေဆုံးခဲ့ရသည့် အဆိုပါ ဖြစ်စဉ်ကြီးနှင့် ပတ်သက်ပြီး နှစ်ပေါင်း အတော်များများ ထိန်းသိမ်းထားသည့် စာမျက်နှာ (၄၀၀)နီးပါး ပါရှိသည့် လျှို့ဝှက် မှတ်တမ်းကို ဗုဒ္ဓဟူးနေ့က ဖွင့်ချပြလိုက်ပြီ ဖြစ်သည်။ ထိုအခါ သေဆုံးသူများ၏ မိသားစုများ အနေဖြင့် ယခင်က မသိရှိရသေးသော အကြောင်းအရာများကို ထိတ်လန့် အံ့ဩစွာ သိရှိလာရသည်။ အထူးသဖြင့် ထိုစဉ်က ရဲတပ်ဖွဲ့သည် အားကစားရုံ အနိဋ္ဌာရုံ ဖြစ်စဉ်ကြီး အစပြုရသည့် အကြောင်းရင်းနှင့် နောက်ဆက်တွဲ ကိစ္စများကို တိတိကျကျ သတင်း ထုတ်ပြန်ခဲ့ခြင်း မရှိချေ။




စာမျက်နှာ (၃၉၄)မျက်နှာ ပြုစုထားသော မှတ်တမ်းကို ထိုစဉ်က ဟေးဘရော့ ဖြစ်စဉ်ကို လွတ်လပ်စွာ စီမံ စုံစမ်းခဲ့သည့် ခုံရုံး အဖွဲ့က ပြုစုခဲ့ခြင်း ဖြစ်သည်။ (၁၉၈၉)ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့က ဖြစ်ပွားခဲ့သော ကိစ္စသည် ရှက်ဖီးလ်ဝက်နက်စ်ဒေး အသင်း၏ အိမ်ကွင်းတွင် FAဖလား အကြို ဗိုလ်လုပွဲ အဖြစ် လီဗာပူးလ်နှင့် နော်တင်ဟမ် ဖောရက်စ်တို့ ယှဉ်ပြိုင်စဉ် လူများပြား လွန်းသဖြင့် ယခုဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက် လာခဲ့သည်။ ယခု မှတ်တမ်းတွင် ယခင် ယုံကြည်ထားသည့် အခြေအနေများနှင့် ဆန့်ကျင်သည့် ကောက်ချက်များ ပါဝင် လာသည်ကို တွေ့ရှိရသည်။

ဥပမာအားဖြင့် လူအုပ် ပြိုဆင်းမှုကြီး ဖြစ်ပွားရခြင်းတွင် လီဗာပူးလ် ပရိသတ်များ၏ အမူအကျင့် ဆိုးရွားခြင်းကို အဓိကထား ပြစ်တင်ခဲ့ကြသော်လည်း ယင်းကို ခိုင်ခိုင်မာမာ မပြောနိုင်ဟု ဆိုသည်။ ထိုစဉ်က သတင်းစာများ၊ မျက်မြင်များ၏ မှတ်ချက်များ၊ အခင်းဖြစ်သည့် နေရာကို ရှင်းလင်းသည့် ရဲတပ်ဖွဲ့ဝင်များ၏ ပြောစကားများကိုပါ ထည့်သွင်း စုစည်းထားသည့် မှတ်တမ်းက ရဲတပ်ဖွဲ့သည် သတင်း ထုတ်ပြန်စဉ် အနုတ်လက္ခဏာ ဆန်သော မှတ်ချက်များကို ချန်လှပ် ထားခဲ့ကြောင်းလည်း ရေးသားထားသည်။ သေဆုံးသူ (၉၆)ဦးလုံး၏ သွေးထဲတွင် အယ်လ်ကိုဟော ပါဝင်မှု ပမာဏကို စစ်ဆေးခဲ့ရာတွင် ပြောပလောက်အောင် များပြားမှု မရှိခဲ့ဟု ဆိုသည်။

သေဆုံးသူများ အနက် (၃၁)ဦးသည် ကယ်ဆယ်ပြီးချိန်တွင် နှလုံးနှင့် အဆုတ်များ အလုပ် လုပ်နေဆဲဟု ယူဆရသည်။ ထို့အပြင် ထိုစဉ်က သေမှုသေခင်း စစ်ဆေးသော ဆရာဝန်မှာ သေဆုံးသည့် အကြောင်းရင်းသည် သိရှိပြီးသား ဖြစ်သည်ဟုသာ ယူဆခဲ့ပြီး ယင်းအချက်သည် ဥပဒေ အရ အလေးအနက် စစ်ဆေးရန် လိုအပ်ကြောင်းလည်း သိရသည်။ အခင်းဖြစ်သည့် ကာလအတွင်း တောင်ပိုင်း ယော့ခ်ရှိုင်းယား အရေးပေါ် လူနာတင်ယာဉ် ဌာနတွင်လည်း အားနည်းချက်များ ရှိနေခဲ့သည်။ ထိုခေတ်က ဝန်ကြီးချုပ် တာဝန်ယူထားသူ မာဂရက် သက်ချာသည် လီဗာပူးလ် ပရိသတ်များ အပေါ်တွင် ဆိုးဆိုးရွားရွား အပြစ် တင်ထားသည့် အစီရင်ခံမှုမျိုးကိုသာ လက်ခံ ရှိခဲ့ကြောင်း အစရှိသည့် အချက်အလက် များစွာကို ယခုမှတ်တမ်းက ဖော်ပြခဲ့သည်။

သေဆုံးသူ (၉၆)ဦးလုံး၏ သွေးထဲတွင် အယ်လ်ကိုဟော ပါဝင်မှု ပမာဏကို စစ်ဆေးခဲ့ရာတွင် ပြောပလောက်အောင် များပြားမှု မရှိခဲ့...

ယခုမှတ်တမ်းများကို ဟေးဘရော့ ဖြစ်စဉ်များ ပြီးဆုံးပြီး ကာလ အတန်ကြာမှ အသေးစိတ် လွတ်လပ်စွာ စီစစ်မေးမြန်းပြီး ပြုစု ထားခြင်းဖြစ်ကာ ယခင် ယုံကြည်မှုများနှင့် ကွဲလွဲသည့် အချက် အများအပြား ရှိနေခဲ့ကြောင်း သိရသည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )