မန်ချက်စတာ ယူနိုက်တက်နှင့် လီဗာပူးလ် ပရိသတ်များ အနေဖြင့် အသင်း အသီးသီး၏ အမှောင် ဖုံးခဲ့သော အနိဋ္ဌာရုံ ဖြစ်ရပ်များကို ရည်စူးပြီး အော်ဟစ် လှောင်ပြောင်နေမှုများကို ရပ်တန့်သင့်ပြီဟု နှစ်ဖက်အသင်း ကိုယ်စားပြုသူများက တိုက်တွန်းလိုက်သည်။
တစ်ချိန်က မန်ယူ အသင်းကို အောင်မြင်မှုများစွာ ဆောင်ကြဉ်းပေးခဲ့သူ မန်နေဂျာဟောင်း ဆာမတ်စ် ဘတ်စ်ဘီ၏ သားဖြစ်သူ ဆန်ဒီဘတ်စ်ဘီနှင့် လီဗာပူးလ် ဂန္ထဝင် ကစားသမား ရော်ဘီဖောင်လာတို့က လီဗာပူးလ် အသင်း၏ ဟေးဘရော့ ဖြစ်စဉ်ဆိုးနှင့် ပတ်သက်သော သတင်း အချက်အလက်များ ထုတ်ပြန်မှုကို ကြိုဆိုကြောင်း အသီးသီး ပြောဆိုခဲ့ကြသည်။ ထို့အပြင် လီဗာပူးလ် ပရိသတ်များက မန်ယူ ပရိသတ်များအား မြူးနစ် လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီး အော်ဟစ် လှောင်ပြောင်မှု၊ မန်ယူ ပရိသတ် များက ဟေးလ်ဘရော့ ဖြစ်စဉ်ကို လှောင်ပြောင်မှုများအား ရပ်တန့်ရန်လည်း အလေးအနက် တိုက်တွန်းခဲ့ကြသည်။
(၁၉၈၉)ခုနှစ်က ဟေးလ်ဘရော့ အားကစားကွင်း လူအုပ်ပြိုကျမှု အတွင်း လီဗာပူးလ် ပရိသတ်များ သေဆုံးခဲ့ကြသလို (၁၉၅၈)ခုနှစ်က လေယာဉ် ပျက်ကျမှုကြောင့် မန်ယူ အသင်းသားများ သေဆုံးမှုသည် နှစ်သင်းလုံး၏ ဖျောက်ဖျက် မရသော သမိုင်းဝင် အတိတ်ဆိုးများ ဖြစ်လာခဲ့ကြသည်။ ဆန်ဒီက "ကျွန်တော့် နှလုံးသားဟာ လီဗာပူးလ် ပရိသတ်တွေနဲ့ထပ်တူ ရှိနေမှာပါ။ တကယ်တော့ ခုလို နာကျင်မှုမျိုးဟာ ဘယ်တော့မှ ပျောက်ပြယ် မသွားပါဘူး။ နှစ်ပတ်လည် နေ့တိုင်းဟာ တုန်လှုပ်စရာ ဖြစ်နေတုန်းပဲ။ မန်ယူမှာလည်း ဒီလို ကြေကွဲစရာတွေ ရှိခဲ့ပါတယ်။ လူတွေဟာ ကလပ်အသင်း နှစ်ခုကြားက အမုန်းတရားကြောင့် ဒီအကြောင်းတွေကို လှောင်ပြောင်ချင်တယ်ဆိုရင် နောက်တစ်ခါ ပြန်စဉ်းစားသင့်ပါတယ်" ဟု ပြောကြားခဲ့သည်။
ကျွန်တော့် နှလုံးသားဟာ လီဗာပူးလ် ပရိသတ်တွေနဲ့ထပ်တူ ရှိနေမှာပါ။ တကယ်တော့ ခုလို နာကျင်မှုမျိုးဟာ ဘယ်တော့မှ ပျောက်ပြယ် မသွားပါဘူး။ နှစ်ပတ်လည် နေ့တိုင်းဟာ တုန်လှုပ်စရာ ဖြစ်နေတုန်းပဲ...
လီဗာပူးလ် အတွက် (၂၆၆)ပွဲတွင် (၁၂၈)ဂိုး သွင်းယူခဲ့သော ဖောင်လာကလည်း "လီဗာပူးလ်နဲ့ အဲဗာတန်ဟာ ကွာပြားမှုတွေ ရှိတဲ့ အသင်းတွေပါ။ ဒါပေမဲ့ တစ်မြို့တည်းသားတွေရဲ့ ဖြစ်ပျက်မှုတွေဟာ အားလုံးကို ရိုက်ခတ်ခဲ့ပါတယ်။ တကယ်တမ်းတော့ လူတွေ ကြေကွဲစရာ သေဆုံးခဲ့တယ် ဆိုတာ ဘောလုံးလောက တစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကို ပရိသတ်တွေက လေးစားမှု ထားပေးစေချင်ပါတယ်" ဟု ပြောဆိုသွားခဲ့သည်။
Ref: Daily Mail
11:37 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com