22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 4, 2012

ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်း အတွက် ဆေးဝါး မပါဘဲ ဖြေရှင်း ရအောင်


 

ဝမ်းချုပ် တာကို ကိုယ်ဝန်ဆောင် အမျိုးသမီး အများစု ခံစားရ တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် တတိယ သုံးလပတ်မှာ ပိုမို ခံစားရတတ် ပါတယ်။ ကိုယ်ဝန်ဆောင် ချိန် ဖြစ်တာကြောင့် ဝမ်းချုပ်တာကို ဖြေရှင်းတဲ့အခါ အလွယ်တကူ ဆေးဝါးတွေ မသောက်သုံး သင့်ပါဘူး။ ဝမ်းချုပ် တာကို ဆေးဝါး မပါဘဲ ဖြေရှင်းကြည့်ရအောင်...။
အမျှင်ဓာတ်များများ ပါဝင်အောင် စားပါ
ကိုယ်ဝန်ဆောင်တွေ အနေနဲ့ တစ်နေ့ကို အမျှင်ဓာတ်က ၂၈ ဂရမ်လောက် စားသင့်ပါတယ်။ အမျှင်ဓာတ်က ဝမ်းပျော့ပျော့ သွားစေဖို့ ကူညီပေးပါတယ်။
(၁) သစ်သီး
ဘယ်ရီသီး၊ မက်မန်းသီး၊ ပန်းသစ်တော်သီး၊ သစ်တော်သီး၊ စတော်ဘယ်ရီသီး၊ ပန်းသီး၊ မန်ကျည်းသီး စတာတွေမှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေ စားပေးပါက ဝမ်းချုပ်တာကို ကာကွယ်ပေးပြီး ဝမ်းမှန်စေပါတယ်။
 (၂) ဟင်းသီးဟင်းရွက်
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ကာကွယ်ဖို့အတွက် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ မုန်လာဥနီ၊ ဟင်းနုနယ်ရွက် စတဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။
 (၃) ပဲအမျိုးမျိုး
ပဲအမျိုးမျိုးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေထက် နှစ်ဆ ပါဝင်ပါတယ်။ ပဲကြီးစေ့၊ ပဲထောပတ်၊ ပဲနီလေး၊ ဘိုကိတ်ပဲ စတာတွေမှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။
 (၄) ကောက်နှံတစ်ခုလုံး
ကိုယ်ဝန်ဆောင် တစ်ယောက် အနေနဲ့ မနက်စာကို ကောက်နှံတစ်ခုလုံး ပါဝင်စာကို စားပေးပါ။ ကောက်နှံတစ်ခုလုံး ပါဝင်စာမှာ အမျှင်ဓာတ် ပြည့်ဝစွာ ပါဝင်တာကြောင့်ပါ။ ကောက်နှံတစ်ခုလုံး ပါဝင်စာ တစ်ခွက်စားပါက အမျှင်ဓာတ် ၅ ဂရမ် ရရှိပါတယ်။
 (၅) သရေစာ
သရေစာအဖြစ် အဆင်သင့်စာတွေ စားသုံးမှုကို ရှောင်ပါ။ ဆီးသီးခြောက်၊ စပျစ်သီးခြောက်၊ မက်မန်းသီးခြောက်၊ စွန်ပလွံသီးခြောက်တွေ စားပေးပါက ဝမ်းပျော့ပျော့ သွားစေပါတယ်။
 (၆) အစေ့အဆန်
ဗာဒံစေ့၊ သစ်ကြားသီး၊ မြေပဲ စတဲ့ အစေ့အဆန်တွေကလည်း ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
 (၇) အာလူးနှင့် ကန်စွန်းဥ
မြေအောက်မှ ရရှိနိုင်တဲ့ အာလူးနဲ့ ကန်စွန်းဥတွေကလည်း အမျှင်ဓာတ်ကို ရရှိနိုင်တာကြောင့် စားသင့်ပါတယ်။
 ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေတော့ မလုပ်သင့်ပါဘူး။
 (၁) လမ်းလျှောက်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုပါ။ လမ်းလျှောက်တာအပြင် ရေကူးတာ၊ ယောဂကျင့်တာနဲ့ အိမ်တွင်းမှာပဲ ကိုယ်လက် လှုပ်ရှားမှုတွေကို ပြုလုပ်ပေးတာက အစာအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းစေပါတယ်။
 (၂) Kegel လေ့ကျင့်ခန်း
တင်ပါးဆုံ ကြွက်သားတွေ အားနည်းတဲ့ အခါမှာလည်း ဝမ်းသွားတဲ့ အကျင့်ကို ပြောင်းလဲစေပြီး ဝမ်းချုပ်တတ်ပါတယ်။ တင်ပါးဆုံ ကြွက်သားတွေ အားကောင်းဖို့ Kegel လေ့ကျင့်ခန်း လုပ်ပေးပါ။ အခြား အကြောင်းအရာများ ဝမ်းချုပ်တာကို ကာကွယ်နိုင်တဲ့ အခြား အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။
 (၁) ရေများများ သောက်ပါ
ရေသောက်နည်းတာကလည်း ဝမ်းချုပ်စေတဲ့ အကြောင်းတစ်ခုပါ။ တစ်နေ့ကို ရေနှစ်လီတာ ဒါမှမဟုတ် သုံးလီတာလောက် သောက်ပါ။ မနက် အိပ်ရာ ထ, ထချင်းမှာ ရေကို တဝသောက်ပေးတာက ဝမ်းသွားတဲ့ အကျင့်ကို ပုံမှန်ဖြစ်စေပါတယ်။
 (၂) အားဆေးများ
ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်တွေက သံဓာတ်ပါတဲ့ အားဆေးတွေ သောက်သုံးဖို့ ညွှန်ကြားပါတယ်။ သံဓာတ် ၃၀ မီလီဂရမ်နဲ့ အထက် ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ် မျိုးစုံပါတဲ့ အားဆေးတွေက ကိုယ်ဝန်ဆောင်တွေမှာ ဝမ်းချုပ်တာကို ဖြစ်စေပါတယ်။ ဝမ်းချုပ်တာကို ဆိုးဆိုးရွားရွား ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ကို ပြောပြတိုင်ပင်ပါ။ ကိုယ့်သဘောနဲ့ကိုယ် ဝမ်းနုတ်ဆေးတွေ မသောက်သင့်ပါဘူး။
 (၃) အဆီများသော အစားအစာများ
အဆီများတဲ့ အစားအစာတွေဖြစ်တဲ့ ဆီကြော်စာတွေ တတ်နိုင်သမျှ ရှောင်ပါ။ ဝမ်းချုပ်စေနိုင်တာကြောင့်ပါ။
 (၄) အိမ်တွင်းကုထုံး
ချင်းလက်ဖက်ရည် သောက်ပေးပါ။ ကိုယ်ဝန်ဆောင် ဝမ်းချုပ်တာအတွက် အကောင်းဆုံး အိမ်တွင်းကုထုံး တစ်လက်ပါ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )