22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 4, 2012

ခုံရုံးကို စစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ဦးသိန်းဆွေဖြစ်လာ

နေပြည်တော်၌ ကျင်းပသော (၃၇)ရက် မြောက်နေ့ ပြည်သူ့ လွှတ်တော် ပုံမှန် အစည်း အဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံ ရုံးအဖွဲ့အား စုံစမ်း စစ်ဆေးရေး နှင့်ပတ်သက်၍ ကော်မရှင် ဖွဲ့စည်းခဲ့ရာ စုံစမ်းစစ်ဆေး ရေးကော်မရှင် ဥက္ကဌ ဦးနန္ဒကျော်စွာမှာ ခုံရုံးအဖွဲ့အား အပြစ်တင် ရှုတ်ချရာတွင် ပါဝင်သူတစ်ဦး ဖြစ်သောကြောင့် အခြားသော   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား ၂ဝ၁၂ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့က  ပြောင်းလဲ တာဝန်ပေး အပ်ခဲ့ကြောင်း သိရှိရသည်။

စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌဦးနန္ဒကျော်စွာ နေရာတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကို ပြောင်းလဲ တာဝန်ပေး အပ်ခဲ့ခြင်းဖြစ်သည်။

'' သြဂုတ် ၃၁ရက်နေ့က ဖွဲ့ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌက  အပြစ်တင်ရှုတ်ချတဲ့ သူတစ်ဦးဖြစ်တော့ အခြေခံဥပဒေခုံရုံးအဖွဲ့က ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကန့်ကွက်တယ်ဆိုပြီး စာပို့လို့ ဒီနေ့လွှတ်တော် ဥက္ကဌက စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဦးနန္ဒကျော်စွာနေရာမှာ ရခိုင်ပြည်နယ် အန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေကို ခန့်အပ်တယ်ဆိုပြီး ဒီနေ့ ကြေညာချက်ထုတ်ပါတယ်'' ဟု ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ အစာထိုးခန့်အပ်မှုနှင့်ပတ်သက်၍ အတည်ပြုပြောကြားခဲ့သည်။

၂ဝ၁၂ခုနှစ် သြဂုတ်လ ၂၉ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ အမိန့်အမှတ်(၁)အနေဖြင့် အမျိုးသား လွှတ်တော်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အား အပြစ်တင်ရှုတ်ချမှုကို မဲခွဲဆုံးဖြတ်ရာ သုံးချိုးတစ်ချိုးရှိခဲ့သောကြောင့် လွှတ်တော်ဥက္ကဌက အတည်ပြုခဲ့ကြောင်း ကြေညာချက်ထုတ် ပြန်ခဲ့သည်။

၂ဝ၁၂ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင် အမိန့်အမှတ်(၂)အနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခဲ့ရာတွင် ခုံရုံးအဖွဲ့ဝင်များအား စုံစမ်းစစ်ဆေးရန် တရားမျှတခြင်းမရှိဟုဆိုကာ ခုံရုံးအဖွဲ့မှ ကန့်ကွက်လွှာ ပေးပို့ခဲ့ခြင်ကြောင့်  ဥက္ကဋ္ဌအပြောင်းအလဲဖြစ်လာရကြောင်း ကိုလည်း ဦးမင်းသူက ဆက်လက်ပြောကြားခဲ့သည်။

လွှတ်တော်အတွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင်များ နှုတ်ထွက်တော့မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌသာလျှင် အပြောင်းအလဲရှိခဲ့ခြင်းဖြစ်သည်။

ဝင့်သင်ဇာကျော်(မြစ်မခ)
by Myit Makha Mediagroup



Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )