22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 17, 2012

"'မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဘင်္ဂလီ (၆) ဦး ရာဘားနှင့် ဘိန်းဖြူ ဘင်္ဂလာက ဖမ်းဆီးရမိ ""

ဘင်္ဂလာတွင် မူခင်းနှင့် မူးယစ်ဆေးဝါး
ရှာဖွေဖမ်းဆီးရေးအဖွဲ့ Rapid Action Battalion (RAB)က မြန်မာနိုင်ငံအတွင်း နေထိုင်သူ
ဘင်္ဂလီ(၆)ဦးနှင့်အတူ ယာဘားမြင်းဆေး

 (၈၆၃၀) လုံးအား စစ်တကောင်းမြို့မှ စနေနေ့ညဥ့်တွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

RAB–7 မှ Major Rakibul Islam က ဘင်္ဂလီများနှင့်အတူ ယာဘားဆေးပြားများကို စစ်တကောင်းမြို့တွင် ငှားရန်းနေသော အိမ်ခန်းတစ်ခုမှ ညဥ့် ၁၁း ၃၀ တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု တနင်္ဂနွေနေ့က the daily star က ဆိုသည်။

ဖမ်းဆီးခံ ဘင်္ဂလီ အမည်များမှာ " Md Shafique, 30, his brother Md Liakat, 26, Azmal Haque, 20, Abul Kashem, 28, Anwara Begum, 40, and her daughter Baby, 18." ဟု the daily star မှာ ဖေါ်ပြထားကြောင်းနှင့် ယာဘားမြင်းဆေးပြားမှာ ကာလပေါက်ဈေး တာကာ သိန်း(၃၀) တန်ဖိုးရှိကြောင်း RAB က တရားဝင်ပြောသည်ဟု ဖေါ်ပြထားသည်။

RAB အနေဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားသူများနှင့် မြန်မာ့မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများနှင့် ဆက်စပ်မှုရှိသည်ဟု သံသယဖြစ်ကြောင်း ၀ပ်ဆိုက်က ပြောသည်။

ထို့ပြင် ပြည်ပသို့ တင်ပို့မည်ဖြစ်သော (၂၆) သိုက်ရှိ ဘိန်းဖြူ ထုတ်အား ဒက္ကားနိုင်ငံတကာလေဆိပ်မှ ကာစ္စတင်က စနေနေ့က ဖမ်းဆီးရမိကြောင်း The Daily Star သို့ ထုတ်ဖေါ်ပြောဆိုကြောင်း ဆိုသည်။

ဖမ်းဆီးရမိသည့် ဘိန်းဖြူများကို (၈) ခုခွဲခြမ်းထုပ်ထားပြီး (၄) အိပ်ခွဲဝေပြုလုပ်ထားကြောင်းနှင့် ဆေးလိပ်များတွင် ထည့်သွင်းရန် မလေးရှားသို့ တင်ပို့ခြင်းဖြစ်နိုင်သည်ဟု ကာစ္စတင် ကော်မရှင် Zakiya Parveen က ပြောသည်ဟု ၀ပ်ဆိုက်က ဆိုသည်။

Department of Narcotics Control (DNC)က ယင်းအား စမ်းသပ်စစ်ဆေးချက်အရ ဘိန်းဖြူဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံဘိန်းဖြူများမှာ မလေးရှားနိုင်ငံသို့ ယနေ့ လေယဉ်အမှတ် TG-322 ဖြင့်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

Arakan Times
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )