22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 17, 2012

ဦးဌေးမြင့်က မြေဧက ၁၀၀၀ အားတရားစွဲဆိုသူများထံ ပြန်ပေး

 


ယုဇန ဦးဌေးမြင့်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် လယ်ယာမြေဧက ၁၀၀၀ အား  ယုဇနကုမ္ပဏီအား တရားစွဲဆိုထားသည့် တောင်သူများ ထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
“ဦးဌေးမြင့်က လယ်မြေဧက ၁၀၀၀ ကိုပြန်ပေးလိုက်ပါပြီ။ ပြီးတော့ မကျေနပ်တာရှိရင်ပြော။ အတက်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ပြောသွားပါ တယ်။ ပြီးတော့ ကုမ္ပဏီက ပြန်ပေးမယ့် လယ်ယာမြေတွေကို အနှောင့်အယှက်မပေးဖို့၊ လမ်းတွေကိုလည်း ပြန်ပြီးပြင်ပေးမယ်လို့ ပြောသွားပါတယ်။ ပြီးတော့ ဖျက်ဆီးခံရတဲ့ သချိုင်းကိုလည်း ပြန်ပြီးပြင်ဆင်ပေးမယ်လို့သိရပါတယ်”ပာု တောင်သူအရေးကူညီပေးနေသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် သြဂုတ်လ ၂၉ ရက်နေ့တွင် ယုဇနကုမ္ပဏီပိုင်ရှင်ဦးဌေးမြင့်က ယုဇနကုမ္ပဏီမှ သိမ်းယူထားသော မြေများအနက် စိုက်ပျိုးမြေနှင့် နစ်နာကြေးတို့အား လယ်သမားများအားမကြာမီကာလအတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့ပြီး ယင်းကိစ္စရပ်များအတွက် သြဂုတ်လ ၃၀ ရက်နေ့တွင် City Star ပိာုတယ်တွင် ဦးအေးမြင့်(လမ်းပြကြယ်)နှင့် ဒေါ်ဘောက်ဂျာတို့မှ ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကျင်းပခဲ့သည်။
ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်တွင် ယုဇနကုမ္ပဏီမှ ကြံစိုက်ပျိုးရန်အကြောင်းပြ၍ တောင်သူများထံမှ မြေဧက နှစ်သိန်းကျော်ကို သိမ်းယူခဲ့သည့်အတွက် ယခုအစိုးရသစ်လက်ထက်တွင် တောင်သူများက ရန်ကုန်မြို့သို့ရောက်ရှိ၍ ဆန္ဒပြရန်ပြင်ဆင်နေစဉ် ယုဇနကုမ္ပဏီဦးဌေးမြင့်က တောင်သူကိုယ်စားလှယ် ငါးဦးအားနေပြည်တော်သို့ခေါ်ယူညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် တောင်သူကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက ပြောကြား ခဲ့သည်။
ထို့ပြင် ယုဇနကုမ္ပဏီသည် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ မြေယာများသိမ်းယူခြင်းကို ၂၀၀၇ ခုနှစ်မှစတင်၍ မိုးညှင်းခရိုင် ဖားကန့် မြို့ရှိ ကျေးရွာများတွင် လုပ်ဆောင်ခဲ့ပြီး တောင်သူဦးရေ ၆၀၀ ကျော်၏ မြေ ၁၃၃၈ ဧကကို သိမ်းယူခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )