မန်ချက်စတာ ယူနိုက်တက် အသင်းသည် တောင်ပံလူ လူးဝစ်နာနီအား စာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်းမည်ဖြစ်ပြီး ကစားသမားက လက်မခံပါက ရောင်းထုတ်သွားရန် စဉ်းစားထားကြောင်း သိရှိရသည်။
မန်ယူ အသင်းသည် အသက်(၂၅)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင်အား မကြာမီ စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းမည် ဖြစ်သည်။ The Sun သတင်းစာက မန်ယူသည် ပေါင်စတာလင် သန်း(၃၀)၀န်းကျင် တန်ဖိုးရှိသည့် စာချုပ်သစ် တစ်ခုအား နာနီထံ အဆိုပြု သွားမည်ဟု ဖော်ပြခဲ့သည်။ နာနီသည် အိုးလ်ထရက်ဖို့ဒ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၉၀၀၀၀)ထိ ရရှိနေပြီး (၄)နှစ် သက်တမ်းရှိ စာချုပ်သစ် အရ တစ်ပတ်လျှင် ပေါင်စတာလင် (၁၃၀၀၀၀)ပေးချေရန် မန်ယူဘက်က အသင့် ရှိနေသည်။ အကယ်၍ ယင်းကို နာနီက ငြင်းဆန်ပါက စာချုပ်သက်တမ်း (၁၈)လသာ ကျန်တော့သည့် ၎င်းကို မန်ယူက ရောင်းချ သွားမည် ဖြစ်သည်။
မန်ယူ အသင်းသည် လတ်တလောတွင် နာနီ၏ အေးဂျင့်ဖြစ်သူနှင့် စာချုပ်ကိစ္စ နောက်ဆုံး အဆင့်ကို ညှိနှိုင်း ဆွေးနွေးနေဆဲ ဖြစ်သည်။ သို့သော်လည်း သီတင်းပတ် အတော်များများ ကြာမြင့် လာသည့်တိုင် ဆွေးနွေးမှု ရလဒ်များသည် တိုးတက် လာခဲ့ခြင်း မရှိသေးချေ။ နာနီသည် (၂၀၀၇)ခုနှစ်က ပေါ်တူဂီ ကလပ် စပို့တင်း လစ္စဘွန်းမှ မန်ယူသို့ ပေါင်စတာလင် သန်း(၂၀) ၀န်းကျင်ဖြင့် ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သည်။ မန်ယူသည် ဈေးကွက်ထဲတွင် အီဒင်ဟာဇက်၊ နီကိုလက်စ်ဂိုင်တန် စသော တောင်ပံ ကစားသမားများကိုလည်း ချိတ်ဆက်နေဆဲ ဖြစ်သည်။
Ref: Sports Mole
နာနီသည် အိုးလ်ထရက်ဖို့ဒ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၉၀၀၀၀)ထိ ရရှိနေပြီး (၄)နှစ် သက်တမ်းရှိ စာချုပ်သစ်အရ တစ်ပတ်လျှင် ပေါင်စတာလင် (၁၃၀၀၀၀)ပေးချေရန် မန်ယူဘက်က အသင့်ရှိနေ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com