AFC Cup ပွဲစဉ်များတွင် ရလဒ်များ မကောင်းခဲ့ဘဲ နောက်ဆုံး ကစားခဲ့သည့် ကမ္ဘောဇနှင့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွင် သရေ ရလဒ်သာ စွမ်းဆောင် နိုင်ခဲ့သူ ရန်ကုန် နည်းပြချုပ် အဲရစ် ၀ီလျံသည် နည်းပြချုပ် ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်ကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ် လာခဲ့သည်။
အဲရစ်ဝီလျံသည် ကမ္ဘောဇနှင့် ပွဲစဉ်တွင် အသင်း နည်းပြ အဖွဲ့ဝင် တစ်ဦးနှင့် ကိုယ်ထိလက်ရောက် အချင်းများမှု ဖြစ်ပွားခဲ့ပြီး ထိုဖြစ်ရပ်နှင့် ပတ်သက်၍ မှားယွင်း ခဲ့သည်ဟု ကိုယ်တိုင် ထုတ်ဖော် ၀န်ခံခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင်မူ နည်းပြချုပ် အဖြစ်မှ နုတ်ထွက်ခဲ့ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းနှင့် ပတ်သက်၍ ရန်ကုန် ယူနိုက်တက် အသင်း တာဝန် ရှိသူများက တရားဝင် အတည်ပြု သတင်း ထုတ်ပြန်ခြင်း မရှိသေး သော်လည်း မေလ (၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြချုပ် အဲရစ်ဝီလျံ၏ အနာဂတ်နှင့် ပတ်သက်နိုင်ကြောင်း ဘောလုံး လောကနှင့် နီးစပ်သူ အသိုင်းအ၀ိုင်းက သုံးသပ်လျက် ရှိသည်။
သြစတြေးလျ လူမျိုး အဲရစ်ဝီလျံသည် ရန်ကုန် ယူနိုက်တက် အသင်းအား ယမန်နှစ် အမှတ်ပေး ချန်ပီယံနှင့် ရှုံးထွက် ချန်ပီယံ ဆုဖလားများ ရရှိအောင် စွမ်းဆောင် ပေးခဲ့သူ ဖြစ်သည်။ သို့သော် ယခုနှစ် AFC Cup ပြိုင်ပွဲတွင် အုပ်စုတွင်း နိုင်ပွဲ တစ်ပွဲမျှ မရရှိခဲ့ဘဲ အုပ်စု အောက်ဆုံး အသင်းအဖြစ် ရပ်တည် ခဲ့ရသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com