22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, December 16, 2011

ပြည်တွင်း မိုဘိုင်းဖုန်း နည်းပညာ 4G အဆင့်

Mobile Guide Journal
ပြည်တွင်းတွင် အသုံးပြုသော မိုဘိုင်းဖုန်း နည်းပညာကို 4G LTE အဆင့်သို့ တိုးမြှင့်သွားရန် အစီအစဉ် ရေးဆွဲနေပြီ ဖြစ်ကြောင်းကို မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်မြို့တွင် KCC(Korea Communication Commissions) နှင့်ပူးပေါင်း ကျင်းပသော အခမ်း အနားတစ်ခုတွင် ပြောကြားခဲ့သည်ဟု အဆိုပါပွဲတွင်တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။
လက်ရှိ အချိန်တွင် ပြည်တွင်း GSM ဖုန်းများတွင် အသုံးပြုနေသော စနစ်မှာ 2.75 G အဆင့်တွင် အသုံးပြုနေ ခြင်းဖြစ်ပြီး WCDMA ဖုန်းများ တွင် အသုံးပြုနေ သော စနစ်မှာ 3G ဖြစ်သည်။ နောက်ပိုင်းတွင် 4G LTE စနစ်သို့ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပြီး ငါးနှစ်စီမံ ကိန်းရေးဆွဲ ဆောင် ရွက်နေပြီဖြစ် သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ ၎င်းက “ အဲဒီနေ့ကပွဲမှာ ဆက်သွယ်ရေးက တာဝန်ရှိ တဲ့လူကြီး တစ်ယောက်က ပြောသွားပါတယ်။ သုံးနေတဲ့ မိုဘိုင်းဖုန်းတွေကို 4G LTE အဆင့်ကို တိုးမြှင့်သွားဖို့ ငါးနှစ်စီမံကိန်း အနေနဲ့ ဆောင်ရွက် သွားမယ်လို့ ပြောသွား တာ ပါပါတယ်” ဟု ပြောသည်။ ထိုသို့အသုံးပြုနိုင်ပါက ပြည်တွင်း တွင် မိုဘိုင်းဖုန်း ဆက်သွယ်မှု နည်းပညာများစွာတိုးတက်လာနိုင်သည်ဟု မိုဘိုင်းဖုန်း ကျွမ်းကျင် သူများက ပြောသည်။
မိုဘိုင်းဖုန်းနည်းပညာ ကျွမ်း ကျင်သူတစ်ဦးက “အခုလက်ရှိအချိန်မှာ သုံးနေတာက 2.75 G စနစ်နဲ့ သုံးနေတာပါ။ အဲဒီလို 4G LTE စနစ်ကို ပြောင်းသုံးမယ်ဆိုရင် ပြောင်း သုံးမယ်ဆိုရင် မိုဘိုင်းဖုန်းနည်း ပညာက အရမ်းကို တိုးတက် ပြောင်းလဲ သွားမှာပါ။ ဖုန်းနဲ့ Video Conferencing လုပ်နိုင်တဲ့ အထိ သုံးလို့ရမှာ ပါ။ နောက်ပြီး TV Channel တွေကိုလည်း ဖုန်းကနေ တစ်ဆင့် ကြည့် နိုင်မှာပါ။ 3G ကနေတဆင့် တဖြည်းဖြည်း တက်သွားမယ် ထင်တယ်။ လက် ရှိအချိန်မှာ 3G နည်းပညာကိုပဲ Feature တွေအကုန်ပေး နိုင်မယ်ဆိုရင် ကောင်းပါတယ် ”ဟုပြောသည် ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )