- Healthcare
မြန်မာ နိုင်ငံတွင် အစား အသောက် ကြောင့်ကင်ဆာ ဖြစ်ပွား မှုမှာ ၈၀ ရာခိုင် နှုန်းခန့် ရှိနေပြီး မှိုဆိပ် တက်ခြင်းသည် အဓိ က ပါဝင်သော အချက် တစ်ခုဟု ဆရာဝန် ကြီးများ ကပြောသည်။ ပူနွေးစိုစွတ်သော ရာသီဥတုတွင် စားသောက်ကုန်များမှိုဆိပ်အလွယ်တကူ တက်နိုင်သဖြင့် ကင်ဆာဖြစ်စေသောမှို ဆိပ်ကိုသတိထားရန်လိုအပ်ကြောင်း ဆရာဝန်ကြီးတစ်ဦးကဆိုသည်။ မှိုတက်တယ်ဆိုတည်းက ဘက်တီး ရီးယားတွေရှိနေပြီ။ မစားသင့်တော့ဘူး။ တချို့ကနှမြောပြီး စားကြသေးတယ်။ စားရင်ရောဂါဖြစ်မယ်။ ဆန်တွေမှိုတက် ရင်လည်းရေဆေးရင်မပြောင်ဘူး။ မှိုတွေ ကအခုလိုရာသီအပြောင်းအလဲချိန်၊ ပူနွေးစို စွတ်ကာလမှာပိုဖြစ်တယ်။ ဒီတော့ မှိုတက် နေတာတွေ့ ရင်ဝယ် မစားကြပါနဲ့။ မှိုဆိပ် ကကင်ဆာရောဂါ၊အဆုတ်ရောဂါတွေဖြစ် စေတယ်"ဟု ၄င်းကထပ်လောင်းပြော သည်။ စားသောက်ကုန်များတိတိကျကျစစ် ဆေးကာရောင်းချသင့်ကြောင်း ပလတ်စ တစ်ဖြင့်ထုတ်ထားသော ပစ္စည်းများတွင် ပို၍မှိုတက်တတ်သဖြင့် ဝယ်ယူရာတွင် စနစ်တကျစစ်ဆေးပြီးမှ ဝယ်ယူစားသုံ သင့်ကြောင်း၊ သက်ဆိုင်ရာဌာနများက လည်း စနစ်တကျကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ကာ ထိရောက်စွာအရေးယူမှုများ ပြုလုပ်ရန်လိုအပ်ကြောင်းလေ့လာသူများ ကဆိုသည်။
6:25 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com