22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

ဖိုင်ယန်နော့ဒ်သို့ ပြန်ကစားရန် တစ်ကြိမ်သာ ဆုံးဖြတ်ခွင့် ရှိမည့် ကောက်

ဖိုင်ယန်နော့ဒ်သို့ ပြန်လည် ပြောင်းရွှေ့လိုပါက ယခုလာမည့် နွေရာသီ ကာလသည် ဒါ့ခ်ကောက် အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာကြောင်း သတင်းများက ဖော်ပြခဲ့သည်။


ဖိုင်ယန်နော့ဒ် အသင်းသည် လုပ်ခလစာ ကန့်သတ်မှုများ ရှိနေသည့်တိုင် အသင်း၏ စံချိန်တင် လုပ်ခ ပမာဏဖြင့် ကောက်အား တစ်ကျော့ပြန် ခေါ်ယူလိုကြောင်း အတည်ပြုထားသည်။ ၎င်းတို့သည် (၂၀၀၆)ခုနှစ်က လီဗာပူးလ်သို့ ထွက်ခွာခဲ့သည့် ကစားသမားအတွက် အမြင့်ဆုံး လုပ်ခလစာကို ပေးချေမည်ဟု အာမ ခံထားသည်။ သို့သော်လည်း အသက်(၃၁)နှစ်ရှိ ကောက်အတွက် နောက်ဆုံး ကမ်းလှမ်းမှုသည် ယခု နွေရာသီတွင် အပြီးသတ်မည် ဖြစ်ပြီး ကောက်က ငြင်းပယ်ခဲ့ပါက နောက်ထပ် လုံးဝ ကြိုးစားတော့မည် မဟုတ်ဟု သိရသည်။
အသင်းဟောင်းမှ ပြန်ခေါ်ချင်နေသည့် ကောက်

နယ်သာလန် ကလပ် အသင်း၏ အတွင်းလူ တစ်ဦးက ကောက်သည် ဖိုင်ယန်နော့ဒ်ထံမှ တစ်ကြိမ်တည်းသော ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ရွေးချယ် စဉ်းစားရမည်ဟု သတိပေးခဲ့သည်။ ၎င်းသည် လီဗာပူးလ်ကို ကျောခိုင်း စွန့်ခွာမည်ဟု သတင်း ကြီးနေသည်။ The Sun နှင့် အင်တာဗျူးတွင် ဖိုင်ယန်နော့ဒ် အသင်း၏ ထိပ်ပိုင်းမှ အမည်ဖော်မပြသူ ပုဂ္ဂိုလ်တစ်ဦးက “ဖိုင်ယန်နော့ဒ်ဘက်က ကောက်အတွက် ကမ်းလှမ်းမှုဟာ သိပ်ကောင်းပါတယ်။ သူဟာ ရော့တာဒမ်မှာ ဟီးရိုးတစ်ယောက် ဖြစ်နေဆဲပါ။ သူပြန်လာမယ့် ကိစ္စကို လူတိုင်း သဘောကျပါတယ်။ ဒါပေမဲ့ ကောက်အသက်က (၃၁)နှစ် ရှိနေပါပြီ။ ဖိုင်ယန်နော့ဒ်ဘက်က ပြတ်သားပါတယ်။ လာမယ့်ရာသီအတွက် ကောက်ကို ကမ်းလှမ်းပါမယ်။ မဟုတ်ရင်တော့ အနာဂတ်မှာ နောက်တစ်ခါ အစီအစဉ် လုံးဝ မရှိတော့ဘူး” ဟု ပြောကြားသွားသည်။

ကောက်သည် ၎င်း၏ ညာခြမ်းတောင်ပံ ပွဲထွက်နေရာကို ဂျော်ဒန် ဟန်ဒါဆင်လက် လွှဲအပ် ထားရသည့်နောက် လီဗာပူးလ်မှ ထွက်ခွာမည်ဟု သတင်းများက ရေးသားလျှက် ရှိသည်။ ၎င်းကို ရိုးမားနှင့် ဟမ်းဘာ့ဂ် အသင်းများကလည်း စိတ်ဝင်စား နေကြသည်။
Ref: The Sun
ကောက်အသက်က (၃၁)နှစ် ရှိနေပါပြီ။ ဖိုင်ယန်နော့ဒ်ဘက်က ပြတ်သားပါတယ်။ လာမယ့်ရာသီအတွက် ကောက်ကို ကမ်းလှမ်းပါမယ်။ မဟုတ်ရင်တော့ အနာဂတ်မှာ နောက်တစ်ခါ အစီအစဉ် လုံးဝ မရှိတော့ဘူး..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )