မိခင်နိုင်ငံမှ ကလပ်အသင်းဖြစ်သော ဆော်ပေါ်လိုတွင် (၁)နှစ်ကြာ ကစားပေးပြီးနောက် အသက်(၂၄)နှစ်ရှိ ဒီနယ်လ်ဆင်သည် လန်ဒန်မြေသို့ ပြန်သွားရန် အသင့်ရှိနေသည်။ ၎င်းသည် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါး လက်အောက်တွင် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံး နေခဲ့ရာ ဆော်ပေါ်လိုတွင် အငှား သွားပြန်ကစားပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု ပြန်လည် တည်ဆောက်ယူခဲ့ရသည်။ ယခုအခါ အာဆင်နယ်က ဒီနယ်လ်ဆင်ကို နောက်ထပ် အငှား ခေါ်ယူရန် တောင်းဆိုခဲ့သည့် ဆော်ပေါ်လို အသင်း၏ ကမ်းလှမ်းမှုကို ပယ်ချလိုက်ရာ ဒီနယ်လ်ဆင်သည် ပရီးမီးယား လိဂ်သို့ တစ်ကျော့ပြန် လာရောက်တော့မည် ဖြစ်သည်။
“ကျွန်တော် ဆော်ပေါ်လိုမှာ ဇွန်လ(၃၀)ရက်နေ့ထိ ရှိမယ်။ ပြီးရင် အာဆင်နယ်ကို ပြန်ပါမယ်။ ကျွန်တော် ဒီမှာ (၆)လလောက် ထပ်ကစားချင်ပါသေးတယ်။ ဒါပေမဲ့ အာဆင်နယ်ရဲ့ ဆုံးဖြတချက်က အတည်ပါပဲ။ ကျွန်တော်က သူတို့ စာချုပ်ထားတဲ့ ကစားသမား တစ်ယောက်ပါ။ ကျွန်တော် လန်ဒန်ကို ပြန်ရလို့ မပျော်စရာ အကြောင်း မရှိပါဘူး။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ်အသင်း တစ်ခုဆီ ကျွန်တော် ပြန်သွားရတာ ဖြစ်ပါတယ်” ဟု ဒီနယ်လ်ဆင်က ဘရာဇီးလ် သတင်း မီဒီယာများအား ပြောကြားခဲ့သည်။
ကျွန်တော် ဆော်ပေါ်လိုမှာ ဇွန်လ(၃၀)ရက်နေ့ထိ ရှိမယ်။ ပြီးရင် အာဆင်နယ်ကို ပြန်ပါမယ်။ ကျွန်တော် ဒီမှာ (၆)လလောက် ထပ်ကစားချင်ပါသေးတယ်။ ဒါပေမဲ့ အာဆင်နယ်ရဲ့ ဆုံးဖြတ်ချက်က အတည်ပါပဲ..
၎င်းက ဆော်ပေါ်လိုတွင် ကစားရင်း တိုးတက်မှုများ ရှိလာသည်ဟု ခံစားရကြောင်းလည်း ဆိုသည်။ “ဆော်ပေါ်လိုကို ကျွန်တော် တတ်နိုင်သလောက် ကူညီခဲ့ပါတယ်။ ဒီမှာက ပုံမှန် ကစားခွင့်ရတယ်။ ကျွန်တော် တစ်ခါမှ အထုတ်ပယ် မခံရဘူး။ ကျွန်တော့် ကစားပုံက ပိုသိမ်မွေ့လာပြီး အ၀ါကတ် အပြခံရတဲ့ အရေအတွက်လည်း ကျဆင်းလာတယ်။ ကျွန်တော် ဘရာဇီးလ် ကစားဟန်နဲ့ အံဝင်အောင် ကစားနိုင်ဆဲပါ။ ဒါကို ပွဲကစားခဲ့တဲ့ စာရင်း အချက်အလက် မှတ်တမ်းတွေက သက်သေပြနိုင်ပါလိမ့်မယ်” ဟု ဒီနယ်လ်ဆင်က ပြောဆိုသွားသည်။
Ref: Sky Sports
1:06 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com