22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

အန်းဒါးလက်ခ်ျ ခံစစ်မှူး ကူယာတီကို မန်စီးတီး စိတ်ဝင်စားနေ

မန်ချက်စတာ စီးတီး အသင်းသည် ဆီနီဂေါ နောက်ခံ ကစားသမား ချီကူ ကူယာတီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။


အသက်(၂၂)နှစ်ရှိ ကူယာတီသည် ဘယ်လ်ဂျီယံကလပ် အန်းဒါးလက်ခ်ျတွင် တစ်ရာသီလုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သည့်နောက် ချယ်လ်ဆီးက မျက်စိ ကျလာခြင်း ဖြစ်သည်။ အန်းဒါးလက်ခ်ျသည် ကူယာတီအတွက် ပြောင်းရွှေ့ဈေးကို ပေါင်စတာလင် (၅)သန်းမျှ သတ်မှတ်ထားသည်။ ချယ်လ်ဆီးသည် အန်းဒါးလက်ခ်ျနှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး တည်ရှိနေပြီး ယခုရာသီ အစောပိုင်းကလည်း ဘယ်လ်ဂျီယံ လူငယ် တိုက်စစ်မှူး ရိုမီလူ လူကာကူအား ၀ယ်ယူခဲ့ဖူးသည်။

ကူယာတီက ချယ်လ်ဆီး၏ စိတ်ဝင်စားမှုအပေါ် ကြိုဆိုခဲ့ပြီး “ပရီးမီးယားလိဂ်မှာ ကစားဖို့ဆိုတာ ကျွန်တော့် စိတ်ကူးအိပ်မက် တစ်ခုပါပဲ။ ကျွန်တော် ငယ်ငယ်ကတည်းက ဒါကို စိတ်ကူးယဉ်နေမိတာပါ။ ပရီးမီးယားလိဂ်ဟာ ကြံ့ခိုင်မှုကို အားပြုတဲ့ ပြိုင်ပွဲ တစ်ခုပါပဲ။ ကျွန်တော့် ကစားပုံနဲ့တော့ တကယ့်ကို အံဝင်ခွင်ကျပါပဲ”ဟု ပြောကြားသွားသည်။ ၎င်းသည် ဆီနီဂေါ လက်ရွေးစင် အသင်းအတွက် အရွေးချယ် မခံရဖူးသေးသော်လည်း အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်းတွင် (၃)ပွဲကစားကာ (၂)ဂိုး သွင်းယူနိုင်ခဲ့သည်။
Ref: The Sun
ပရီးမီးယားလိဂ်မှာ ကစားဖို့ဆိုတာ ကျွန်တော့် စိတ်ကူးအိပ်မက် တစ်ခုပါပဲ။ ကျွန်တော် ငယ်ငယ်ကတည်းက ဒါကို စိတ်ကူးယဉ်နေမိတာပါ။ ပရီးမီးယားလိဂ်ဟာ ကြံ့ခိုင်မှုကို အားပြုတဲ့ ပြိုင်ပွဲ တစ်ခုပါပဲ။ ကျွန်တော့် ကစားပုံနဲ့တော့ တကယ့်ကို အံဝင်ခွင်ကျပါပဲ..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )