ချယ်လ်ဆီး အသင်း အနေဖြင့် ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူး ရယူရန် ကာလ ရှည်ကြာစွာ စောင့်ဆိုင်း ခဲ့ရပြီး ယင်းကပင် အသင်းအတွက် ပိုမို ချိုမြိန်သော ခံစားချက်ကို ဖြစ်လာစေသည်ဟု ဖရန့်ခ် လမ်းပတ်က ပြောကြားလိုက်သည်။
အင်္ဂလန် ကွင်းလယ်လူ လမ်းပတ်သည် ဂျာမနီတွင် လှပသော ချန်ပီယံလိဂ် အောင်ပွဲအတွက် အလွန် ပျော်ရွှင် နေပြီးနောက် (၂၀၀၈)ခုနှစ်က မန်ချက်စတာ ယူနိုက်တက်အား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ကာ ဆုဖလားနှင့် လက်တစ်ကမ်း အကွာတွင် တပ်ခေါက် လာရသော ခံစားချက်ကို မေ့ဖျောက် ပစ်လိုက်နိုင်ပြီ ဖြစ်သည်။ လမ်းပတ်က "ကျွန်တော်တို့ အရင်တုန်းက ဒီဆုဖလားကို မရဖူးတဲ့ အတွက် ပိုကျေနပ်မိတယ်။ ခုချိန်မှာတော့ ပိုပြီး စိတ်လှုပ်ရှား ခံစား နေရပြီလေ။ ကျွန်တော် ဒီလိုပြောတာ ရူးသလို ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမဲ့ အချိန် အကြာကြီး စောင့်ခဲ့ရတဲ့ အောင်မြင်မှုက ပိုချိုမြိန်ပါတယ်။ တကယ့်ကို အံ့ဩစရာ အတွေ့အကြုံပါပဲ" ဟု ပြောဆို သွားခဲ့သည်။
ချန်ပီယံလိဂ် ဆုဖလားနှင့် အတူ
၎င်းက "ကျွန်တော် ပွဲတစ်ပွဲ အတွက် ခုလောက် ဘယ်တုန်းကမှ စိတ်မလှုပ်ရှားဖူးဘူး။ ကစားသမားတိုင်း လိုလို ငိုမိကြတယ်။ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ဗျာ။ ဘောလုံးဟာ လူတွေကို ဒီလို ဖြစ်အောင် လုပ်နိုင်တယ်။ ကျွန်တော့် ဘောလုံးသမား ဘ၀မှာတော့ အဲဒီညဟာ အကြီးကျယ်ဆုံး၊ အကောင်းဆုံးပဲ။ ကျွန်တော်တို့ ပွဲပြီး သွားတဲ့ထိ ပရိသတ်တွေနဲ့ အတူ ကွင်းထဲမှာ တစ်နာရီလောက် ဆက်နေခဲ့ပါသေးတယ်" ဟုလည်း ပြောကြားခဲ့သည်။ အသက်(၃၃)နှစ် ရှိပြီဖြစ်သော လမ်းပတ်က "ဒီအချိန်ဟာ ကျွန်တော့် ဘောလုံးသမား ဘ၀မှာ စစ်စစ်မှန်မှန် သရဖူ ဆောင်းတဲ့ ကာလပါပဲ။ တစ်ရာသီလုံး အတက်အကျ မျိုးစုံ ကြုံခဲ့ပြီးပါပြီ။ ခုချိန်ကတော့ ချယ်လ်ဆီး အတွက် အောင်ပွဲခံမယ့် အချိန်ကောင်းပါပဲ" ဟုလည်း ဆက်လက် ပြောကြား သွားခဲ့သည်။
Ref: The Sun
ကျွန်တော်တို့ အရင်တုန်းက ဒီဆုဖလားကို မရဖူးတဲ့ အတွက် ပိုကျေနပ်မိတယ်။ ခုချိန်မှာတော့ ပိုပြီး စိတ်လှုပ်ရှား ခံစားနေရပြီလေ။ ကျွန်တော် ဒီလိုပြောတာ ရူးသလို ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမဲ့ အချိန် အကြာကြီး စောင့်ခဲ့ရတဲ့ အောင်မြင်မှုက ပိုချိုမြိန်ပါတယ်...
6:29 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com