22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 30, 2012

တစ်မျိုးသားလုံးပါဝင်မည့် ဆန္ဒပြပွဲ ဖြစ်ပေါ်လာရန် ရုရှားတက်သစ်စ အတိုက်အခံခေါင်းဆောင်တစ်ဦး နှိုးဆော်

မော်စကိုရှိ ထောင်မှလွတ်လာသော နာဗယ်နီကို မေလ ၂၄ ရက်တွင် ထောက်ခံသူများက ကြိုဆိုနေစဉ်
ရုရှားတက်သစ်စ အတိုက်အခံခေါင်းဆောင် အလက်ဇေနာဗယ်နီသည် စက်တင်ဘာလအစောပိုင်းတွင် ရုရှားသမ္မတ ပူတင်အားဆန့်ကျင်သော တစ်မျိုးသားလုံးပါဝင်သည့် ဆန္ဒပြပွဲတစ်ခုပြုလုပ်ရန် မေလ ၂၄ ရက်နေ့က ဆော်သြခဲ့သည်။

နာဗယ်နီသည် ပြီးခဲ့သည့် ရက် များ၌ပြုလုပ်ခဲ့သော ပူတင်အား ဆန့် ကျင်သည့် ဆန္ဒပြပွဲများအတွင်း ရဲများ၏ အမိန့်မနာခံသဖြင့် အကျဉ်းကျခဲ့ရာမှ ပြန်လည်လွတ်မြောက်လာပြီးနောက် စက်တင်ဘာလတွင် တစ်မျိုးသားလုံး အတိုင်းအတာဖြင့် ပါဝင်မည့် ဆန္ဒပြပွဲ ပြုလုပ်ရန်နှင့် ရုရှားအားလပ်ရက်ဖြစ်သော လာမည့်ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် လူထုအမြောက်အမြား ပါဝင်မည့် ဆန္ဒပြပွဲစီစဉ်ရာ၌ သူကိုယ်တိုင် ပါဝင်ကူညီမည်ဖြစ်ကြောင်း မော်စကိုရှိ လွတ်လပ်ရေး ပဲ့တင်သံ အသံလွှင့်ဌာနမှတစ်ဆင့် ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သော နာဗယ်နီသည် ရုရှားသမ္မတပူတင်၏ ၁၂ နှစ်ကြာ အုပ်ချုပ်မှုအား ဆန့်ကျင်သူဖြစ်သည်။
နာဇီဂျာမနီတို့ကို ဒုတိယကမ္ဘာစစ်တွင် ရုရှားတို့အောင် နိုင်ခဲ့သော အထိမ်းအမှတ်နေ့ မေလ ၉ ရက်နေ့၌ ပြုလုပ်ခဲ့သော ပူတင်ဆန္ဒပြပွဲ၌ ၎င်း၏ အပေါင်းအပါတစ်ဦးဖြစ်သူ လက်ဝဲအုပ်စုမှ Sergei Udaltsov နှင့်အတူ ၁၅ ရက်တာမျ မော်စကိုတောင်ပိုင်း အကျဉ်းထောင်၌ အကျဉ်းကျခံခဲ့ရသည်။ ပြန်လည်လွတ်မြောက်လာချိန်တွင် နာဗယ်နီအား သူ့ကိုထောက်ခံ အားပေးသူများက ထောင်အပြင်ဘက်တွင် ကြိုဆိုခဲ့ကြသည်။

နာဗယ်နီအား ပြီးခဲ့သည့်လက တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သော ကမ္ဘာပေါ်တွင် သြဇာလွှမ်းမိုးမှုရှိသူ အယောက် ၁၀၀ ထဲတွင် အမေရိကန် သမ္မတအိုဘားမား၊ အီရန်၏ ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီနှင့် တရုတ်ခေါင်းဆောင်သစ် ဖြစ်လာဖွယ်ရှိသော ရှီကျင်ပင်း တို့နှင့်အတူ ရွေးချယ်ခံရသည်။

ပူတင်သည် စက်တင်ဘာလတွင် ကရင်မလင်အစိုးရ၏ တတိယသက်တမ်းအား စတင်ထမ်းဆောင်မည်ဖြစ်ပြီး ဒီဇင်ဘာလတွင်လည်း ယိုယွင်းနေသော ရုရှားပါလီမန်ရွေး ကောက်ပွဲကျင်းပရန် အစီအစဉ်များသည် ကြီးမားသော လူထုဆန္ဒပြပွဲကြီးများအား ဖြစ်ပေါ်လာရန် လှုံ့ ဆော်လျက်ရှိသည်။

အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများသည် ယခုချိန်တွင် အင်အားပြန်လည်ဖြည့်တင်းလျက်ရှိကြပြီး ပုံစံသစ်ဖြင့် ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )